September 06, 2011

ကြာပန်းရေစင်

(က)
ကျနော်တို့ နိုင်ငံအတွင်းက မကျေညာပဲ ဖြစ်ပွါးနေသည့် ပြည်တွင်းစစ်သည် နှစ်ပေါင်း ဆယ်စုနှစ် (၆)ခု ကျော်လာခဲ့ပါပြီ။ ဝမ်းနည်းကြေကွဲဖွယ်ပင် ဖြစ်ပါသည်။
ပြည်သူတို့ကမူ စစ်ကို လိုလားကြသည်မဟုတ်။ ထို့ကြောင့် စစ်ရပ်စဲရေး ငြိမ်းချမ်းရေးအတွက် လူထုသည် လမ်းစ မရှာသည်မဟုတ်။ ရှာတော့ ရှာခဲ့သည်။ သို့သော် လမ်းစသာမြင်၍ လမ်းဆုံးအထိ လျှောက်ခွင့် မရခဲ့ကြ။ ပြည်တွင်းစစ်ရပ်စဲရေး တောင်းဆိုသံများ မကြားခဲ့သည်မဟုတ်။ ကြားတော့ ကြားခဲ့ရသည်။ သို့သော် အသံသာကြားခဲ့ရပြီး အကောင်အထည်ကိုမူ ဖေါ်ဆောင်ဖို့ရာ အခွင့်အခါ မသာခဲ့ကြ။