August 26, 2010

ပိုက်ဆံက ကျပ်ထားတဲ့ ဝက်အူ


မတူညီမှု အဆင်ကွဲ တလက္မချင်း အသိတခုကနေ နောက်အသိ တခု အတွေးအခေါ်တခု ကနေ နောက် အခြား
တခု သာမာန်စမ်းချောင်းကလေးရဲ့နံဘေး လယ်ကန်သင်းရိုးပေါ် ကပ်သီးကပ်သပ်နင်းလာတဲ့စက်ဘီး အညှော်နံ့
ဂူအောင်းလူသား ဇော်ဂျီဖိုလ်ဝင်သား ငမိုက်သား သားမျာ့အမေ နို့သီးရှည် ရှင်းလင်းချက် အဖြူရောင်ထဲ ဖောက်
ထားတဲ့အနက်ရောင် ငါတို့ပြည်ထောင်စု တနေ့သ၌ ဤအရိုးစု၏ မဆုံးသောပုံပြင်နာကျင်(ပြီးလျင်)ဆက်ပြောဖို့
စကားလုံးမရှိတော့ ခမ်းခြောက် ‘ဘီ၊အိုင်၊ယူ’ မသိလျင်မေး မစင်လျင်ဆေး ဒါပဲ မမေးချင်ရင်မသိချင်နဲ့ သိချင်လာ
ပြီဆို ဒါ မေးဖို့ မေးထိုးဖို့ မေးငေါ့ဖို့ ပျော့ကျသွားတဲ့ အားနည်းတဲ့ နေရာကို တစမ်းစမ်း ဝှက်ထားတဲ့ သေနတ်ကို
တစမ်းစမ်း အချစ်ဟု တလွဲမှတ်ယူမိရာကို တစမ်းစမ်း ဖန်ခွက်တလုံးရှိငြားအံ့ အရက် ဘီယာ ငှဲ့စရာဟုသာ နောင်
လာ နောက်သားတို့ အယူလွဲနေကြဟန်တူပါ၏ ငါးမူးစေ့ တမတ်စေ့လဲ လူရာဝင်နေမြဲ စာအုပ်တွေပေါ် တွဲကျလာ
ပွယောင်းသော မြစ်တို့ဆီ တိုက်ခတ်လေပြေ သူ့အချိုးကျရမြဲ ရာသီဥတု စာရင်းရှည် ဗိမာန်ပေါက်နေပြီ ရောက်
မလာသေးဘူး ရောက်တတ်ရာရာလား ရောက်ရာပေါက်ရာလား ရောက်ရာအရပ်မှာ ဈေးဆိုင်တည်ရင်တည် ဒါ
မှမဟုတ် သစ်ပင်စိုက်ချင်စိုက် ဒါမှ မဟုတ် မြင်းလောင်းမလား ကာစီနိုကစားမလား လေးကောင်ဂျင်ဝိုင်းမှာ အနီ
ထောင်ဝိုင်းမှာ ကြက်လဲပက်လက် လူလဲပက်လက် တသက်လုံးဂီတာဟုတ္တိပတ္တိမတီးဖူးလဲ ‘ဂီတာတလက် အရက်
ကတစည် မိန်းမလှလေးကတယောက်’ အော်ဟစ် သီဆိုပစ်လိုက်မိ ဒီနေရာမှာ မှတ်တမ်းသဘော ထည့်ပြောရမှာ
က ကျနော့်အကို ကိုစန်းလွင် အင်္ဂလိပ်စကားပြောသင်တန်းဆရာ နှစ်ယောက်တွေ့ကြရင် သောက်လုံးကြီးကြပုံ
နဲ့ စကားလုံးကြီးကြပုံအပြင် အရက်တပိုင်းမှာပြီးပြီဆို ဝက်အူမ တဆက်ထဲမှာလိုက်ပုံနဲ့ကျပ်သိန်းတစ်ရာမှန်းရင်း
ငွေကျပ်တရာအတွက် လောလောဆည်ခက်နေပုံ နဲ့ အခုတလော အသက်ရှူကျပ်နေပုံတွေပြောမိပြောရာ အနာ
တော်မီတွေ အနာလိုက်ဆစ်တွေ အနာကိုပလာစတာ ကပ်ရမှာတွေ အနာပေါ်ဒုတ်ကျတာတွေ မရတော့ပါဘူးနှင့်
မနိုင်ဝန်ကပြဌာန်းပေးလိုက်တဲ့ အသေကျပ်ထားတဲ့ ဝက်အူ ။        ။

ခင်အောင်အေး
၁၆၊ ၀၈၊ ၂၀၁၀ ကွာလာလမ်ပူ ၉း၃၄ နာရီ

No comments:

Post a Comment