September 14, 2010

ချစ်သော ကချေသည်များ

                                              ချစ်သော ကချေသည်များ (၁)

အခု လဆန်းပိုင်းက စပြီး  ဘလော့ကို လှည့်မကြည့်နိုင်လောက်အောင် စိတ်ကော လူကော အလုပ်များခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီကနေ့ တော့ ကျနော်နဲ့ ဒီလဆန်းကမှ လာပြီး အတူနေတဲ့ ပန်းချီဆရာလေး ဝဏ္ဍဇော်ရဲ့ ပန်းချီကားလေးကို ပို့အသစ်အနေနဲ့  တင်လိုက်ပါတယ်။

သူက လာမယ့် အောက်တိုဘာလဆန်းမှာ တကိုယ်တော် ပန်းချီပြပွဲလေးလုပ်ဖို့ ရှိတော့ ကျနော်နဲ့ လာနေတဲ့လဆန်းပိုင်းကတည်းက ညတိုင်းလိုလို ပန်းချီကားတွေ ဆွဲပါတယ်။ ကျနော်က ၈နာရီခွဲကစပြီး ဘီဘီစီ အသံလွှင့်သတင်းတွေကို ဝက်ဘ်ဆိုဒ်သတင်းအဖြစ် ပြန်ရေးရပါတယ်။ ၁၀ နာခွဲလောက်ကြတော့ ကျနော် အလုပ်ပြီးတဲ့အချိန်ကစပြီး သူ ပန်းချီဆွဲတာကို ထိုင်ကြည့်ပါတယ်။

ဒီလိုနဲ့ သူဆွဲနေတဲ့ ကချေသည်ပုံလေးတွေ စွဲလန်းလာလို့  ဒီကနေ့ ကစပြီး နှစ်ရက်မှာ တစ်ပုံလောက် ဘလော့မှာတင်ဖို့ စိတ်ကူးရသွားတယ်လေ။ နှစ်သက်လို့ တင်တာလည်းပါ  ဘလော့တာဝန်လည်းကျေအောင်ပေါ့လေ။

ချစ်မိတ်ဆွေများ နှစ်သက်ကြမယ်လို့ ထင်ပါတယ်။

No comments:

Post a Comment