March 08, 2013

အတွေးအခေါ်ဟောင်းကို ကမ္မဝါ ဖတ်ကြည့်ခြင်း



(၁)
လွန်ခဲ့တဲ့ရက်တွေအတွင်း
ကျနော်တို့ရဲ့သောကတွေကို
ဆူးတွေနဲ့ သီကုံးရင်း သွေးတစက်စက် ကျခဲ့ရတယ်။
(၂)
လွတ်လပ်မှုကို လိုချင်ရင်
လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်ဖို့
လွတ်လပ်မှုနဲ့ စရွေးကိုက်ဖို့
အရေးကြီးနေပြီ။
သူများကို လွတ်မြောက်အောင်လုပ်ပေးဖို့
ကျနော်တို့က ပထမ
လွတ်မြောက်နေရမယ်။
ကျနော်တို့ဟာ
ဂူအပြင်ဘက်ကိုထွက်ပြီး
ကိုယ်ပိုင် အရှိန်အဝါကို တည်ဆောက်ကြ။
တပါးသူတည်ဆောက်ပေးတဲ့ ခွန်အားနဲ့မတူတဲ့
ခွန်အားသစ်ကို တည်ဆောက်ကြ။
တပါးသူခင်းပေးတဲ့လမ်းနဲ့မတူတဲ့
ကိုယ်ပိုင်လမ်းသစ်ပေါ် လျှောက်ကြ။

ရှိခဲ့ဖူးသည်
ကျနော်တို့ဟာ
အမှားတွေကို အမှားတွေနဲ့တိုက်ခိုက်ရင်း
ကြီးပြင်းလာခဲ့ကြရတယ်။
ရှိခဲ့ဖူးပြီ
တပါးသူရဲ့လက်နက် ကိုယ့်လက်နက် ဆိုတာလောက်နဲ့
ကျနော်တို့ မိုးသောက်ခဲ့ကြတယ်။
ထုချေပစ်လိုက်ပါ
ဖွပ်လျှော်ပစ်လိုက်ပါ
တပါးသူက ကျနော်တို့အပေါ်
တပါးသူလို သဘောထားနေတဲ့အချိန်
ကျနော်တို့က တပါးသူကို တပါးသူလောက်ပဲ မြင်နေရင်
ကျနော်တို့ မအောင်မြင်နိုင်ဘူး။
အတွေးအခေါ်အရာမှာ
တပါးသူစွဲကိုင်တဲ့ သေနတ်လောက်နဲ့လည်း
ဒီတောင်ကုန်း မသိမ်းပိုက်နိုင်ဘူး။
အတွေးအခေါ်အရာမှာ
တောမီးကို ရှို့မီးနဲ့လှန်ပစ်တဲ့ခေတ်ဟာ
မနှစ်တနှစ်ကတည်းက ကုန်ဆုံးသွားခဲ့ပြီ။
(၃)
ကျနော်တို့
ဆူးတွေက
သွေးတွေကို
မတိတ်စေနိုင်ဘူး။     ။

ငြိမ်းဝေ
၅၊ ၁၊ ၂၀၁၂
လွတ်လပ်ရေးနေ့ရဲ့ နောက်တနေ့။
မဲဆောက်မြို့။


No comments:

Post a Comment