February 13, 2010

ကစားပြီးနောက်


ဒီကနေ့ တော့ စစ်ဆန့် ကျင်ရေး နိုင်ငံရပ်ခြားကဗျာတပုဒ်တင်လိုက်ပါတယ်။
ကျနော်နှစ်သက်တဲ့ကဗျာလေးပါ။
မောင်သင်းခိုင် ဘာသာပြန်ထုတ်ဝေတဲ့ မမြင်ရတဲ့မြစ် စာအုပ်ထဲကပါ။
သြစတြီးယားကဗျာဆရာ Vasko Popa ရဲ့ After Play ကဗျာဖြစ်ပါတယ်။


ကစားပြီးနောက်

ရယ်မောရလို့ 
ဗိုက်ပေါက်ကွဲသွားမှာ စိုးသမို့ 
နောက်ဆုံးတော့ လက်တွေဟာ
ဗိုက်ကို အုပ်ထားလိုက်တယ်
ဒါပေမယ့် ဗိုက် မရှိဘူး။

နဖူးပေါ်က အေးမြတဲ့ချွေးစက်တွေကို သုတ်ဖို့ 
လက်တဖက်မြှောက်လိုက်တယ်
နဖူးလည်းမရှိဘူး။

ရင်ဘတ်အပြင်ဖက်ကနှလုံးသား
ခုန်ထွက်သွားမှာစိုးသမို့ 
တခြား လက်တဖက်က
နှလုံးသားဆီရောက်သွားတယ်
နှလုံးသားလည်းမရှိဘူး။

အလကားနေရင်း လက်နှစ်ဖက်ကို အောက်ကိုချလိုက်တယ်
ပေါင်ခွင်ထဲကို ချလိုက်တယ်
ပေါင်ခွင်လည်း မရှိဘူး။

ခုတော့ လက်တဖက်ပေါ်မှာ
မိုးတွေ ရွာနေတယ်
တခြားလက်တဖက်က
မြက်တွေပေါက်နေတယ်
ကျုပ် ဘာများပြောစရာ လိုတော့လို့ လဲ။ ။

ထိပ်မှာဖေါ်ပြထားတာကတော့ ဂူဂဲကဆွဲချထားတဲ့ အီရပ်စစ်ပွဲဆန့် ကျင်ရေး ဘူဒါပတ်ဆန္ဒပြပွဲပုံဖြစ်ပါတယ်။


1 comment:

  1. ဗာ့စကိုပိုပါ့ ရဲ့ ကဗျာတွေကို တော်တော်ကို ကြိုက်တာ။ အရှေ့ဥရောပက ကွန်မြူနစ်နိုင်ငံတွေဟာ မြန်မာပြည်နဲ့ အဖြစ်ခြင်းတူလို့လား မသိ။ ခံစားလို့ရတယ်။

    ReplyDelete