January 02, 2010

ကူးတို့ 


ကျောက်သားထဲက ရေကို
ဘယ်လို
လွယ်လွယ်ကူကူ ထုတ်ယူနိုင်မလဲ။

သံတွေခဲတခုက
သံတွေခဲတခုကို
သန့် စင်အောင်
မီးဆေးဖို့ ခက်ရဲ့။

လှိုင်းထအောင်
ကိုယ့်ကို ယူသွားတဲ့
စိတ်ကို
လေနဲ့ မဆေးနိုင်သေးဘူး။

လက်ကလေးနဲ့ 
တောက်ရုံ
လင်းလာမယ့် အမှောင်ဆိုတာ
ရှိမလား။

ကမ်းမမြင် လမ်းမမြင် သစ်ပင်တွေတောင်
နေရောင်ကို ကျောမခိုင်းကြဘူး
သူ့ စိတ်ကူးနဲ့ သူ
ပွင့်ခဲ့ကြတယ်။

ကျွန်တော်တို့ 
လင်းလက်တဲ့ သစ်ရွက်နဲ့ 
တဖက်ကမ်းကို ကူးကြစို့ ။ ။

မင်းချမ်းမွန်
စတိုင်သစ်၊ မေ၊ ၂၀၀၃

(နှစ်သစ်ကူးလက်ဆောင်အဖြစ် ကဗျာတပုဒ်ပေးချင်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း ကဗျာရေးလို့ မရဘူးလေ။ ဒါနဲ့ ပဲ ဆရာ မင်းချမ်းမွန်ရဲ့ ဒီကဗျာလေးကို ကျနော်လည်းနှစ်သက်လို့  လက်ဆောင်အဖြစ် တင်ပေးလိုက်ပါတယ်။)



2 comments:

  1. ကဗျာရေးလို့မရရင် စာရေး။

    ReplyDelete
  2. ရေးလို့ရတာရေးပါလား ဆရာ

    နှစ်သစ်လက်ဆောင်ကဗျာလေးလဲ နှစ်သက်စွာဖတ်သွားပါတယ်

    ReplyDelete