November 14, 2011

ဒုံးဝေးတဲ့ ကောင်



တွေးခေါ်တယ်၊ ယူဆတယ်၊ ယုံကြည်တယ်
အဲဒီ လှေကားထစ်တွေ ကျော်နင်းပြီးရင်
ကြည်လင်ခိုင်မြဲတဲ့ ကိုယ်ပိုင် အဘိဓမ္မာရပြီ။

စစ်ပွဲမှာ အစွမ်းထက်ဖို့ ဒုံးကို ထွင်တယ်
အဲဒီ ဒုံးကို ခွင်းဖို့ ဒုံးခွင်းဒုံးကို ထွင်တယ်
အဲဒီ ဒုံးခွင်းဒုံးကို ခွင်းဖို့ ဒုံးခွင်းဒုံးခွင်းဒုံးခွင်း
တခွင်းခွင်း တဒုံးဒုံး မဆုံးတော့ဘူး။

သူဟာ
အရိပ်ပြလို့ အကောင်ထင်ဖို့ နေနေသာသာ
အကောင်ပြတာတောင် အရိပ်မမြင်တဲ့ကောင်
ကိုယ်က ခွေးကျင့်ခွေးကြံ လုပ်သလား ခွေးဖြစ်တယ်
ကိုယ်က ဗြဟ္မာကျင့် ဗြဟ္မာကြံလုပ်သလား ဗြဟ္မာဖြစ်တယ်
သူက
ဗြဟ္မာဆိုတာကို ကောင်းကင်မော်ကြည့် အူတဲ့ကောင်။

မောင်အောင်ပွင့်
(ရနံ့သစ် နိုဝင်ဘာ ၂၀၁၁ မှ ကူးယူ ဖေါ်ပြပါတယ်)

No comments:

Post a Comment