November 19, 2011

ဖါတလုံး ခေါင်းကျား ပုံပြင်



(ဦး) ခင်မောင်များ ပြောပါတယ်…

မနေ့ကအထိ
ထီးရှိ ဖိနပ်ရှိ
လမ်းရှိ ကျောင်းရှိ
မှန်းကြည့် တမ်းကြည့်
ရမ်းကြည့် သန်းကြည့်
စမ်းကြည့် ဖြန်းကြည့်။

ဒီကနေ့မနက်
မှန်းမကြည့် တမ်းမကြည့်
ရမ်းမကြည့် သန်းမကြည့်
စမ်းမကြည့် ဖြန်းမကြည့်
လမ်းမသိ ကျောင်းမသိ
ထီးမရှိ ဖိနပ်မရှိ
ကျီးကြည့် ကြောင်ကြည့်။

(ဦး) ခင်မောင်ရဲ့٭ အဖြစ်များ ပြောတာပါ…။


ငြိမ်းဝေ
၁၉၊ ၁၁၊ ၂၀၁၁။ စနေနေ့ မနက်ခင်း
 ٭ (ဦး)ခင်မောင် = ဖါတလုံး ခေါင်းကျား ဇာတ်ကားမှ မင်းသားကြီး ခင်မောင်
( ၁၉ နှစ်တာကာလ မိမိကိုယ်ကိုမိမိ အသေ ဖက်ထားခဲ့မိတဲ့ နေ့ရက်များကို ဆန်းစစ်ခြင်းမှ )

No comments:

Post a Comment