November 20, 2011

အချိုးကျ ကြေးမုံ



မျက်လုံးတွေကို ချဲ့ပစ်လိုက်
နှာခေါင်းကို တိုပစ်လိုက်
လည်တိုင်ကို ရှုံ့ပစ်လိုက်

အစားထိုး ပစ်လိုက်
ဆွဲဆန့် ပစ်လိုက်
ရွှေ့ပစ်လိုက်
နားရွက်
လည်တိုင်
ခေါင်း…

မေးစေ့ကို အပေါ် ပင့်တင်ပစ်လိုက်
နဖူးကို ကျဉ်းပစ်လိုက်
ကွေးပစ်လိုက် ကောက်ပစ်လိုက်

လိုက်လျောညီထွေ ဖြစ်အောင်
ပါးစပ်ကို ဝိုင်းပစ်လိုက်
အရေပြားကို ဆွဲဆန့်ပစ်လိုက်

အားလုံးကို ပြောင်း ပစ်လိုက်စမ်းပါ
ကဗျာတစ်ပုဒ်လို
ဒါမှ မဟုတ်
ဘဝရဲ့ အခြေခံ စည်းမျဉ်းတွေလို….။   

ငြိမ်းဝေ
( CHILD OF EUROPE စာအုပ်မှာ ပါရှိတဲ့ ဂျာမာန်ကဗျာဆရာ Kurt Drawert ရဲ့ Mirror Symmetry ကဗျာကို ဘာသာပြန်ဆိုပါတယ်။ )

1 comment:

  1. ရွှေ့ပစ်လိုက်
    လိုက်လျောညီထွေ ဖြစ်အောင်
    ဘဝရဲ့ အခြေခံ စည်းမျဉ်းတွေလို
    ကဗျာတစ်ပုဒ်လို ...

    ReplyDelete