January 13, 2012

မျက်ရည်နဲ့ဖွင့်လိုက်တဲ့ ဖ ဘ မျက်ရည်နဲ့ ရိုက်ထားလိုက်တဲ့ ဓါတ်ပုံ



စာလုံးတွေဟာ ဝါးနေတယ်
ဒါပေမယ့်
အဲဒီ သတင်းတွေက မမှုန်ဝါးတော့ဘူး။

မျက်မှန်ကို
ခဏခဏ သုပ်ပြီးမှ ကြည့်နေရတယ်
ဒါပေမယ့်
အဲဒီ သတင်းတွေက သုပ်ပစ်လို့မရအောင်
ထင်ထင်လင်းလင်း ဖြစ်လာနေပြီ။

အမေ ဆုံးတယ်
မျက်ရည် မကျခဲ့ဘူး။

အဖေ ဆုံးတယ်
မျက်ရည် မကျခဲ့ဘူး။

အခု
ထောင်ဗူးဝက
သူတို့ လမ်းလျှောက်ပြီး ထွက်လာကြတယ်
ဘာ့ကြောင့်များ မျက်ရည်ကျလောက်အောင်
စိတ်လှုပ်ရှားနေမိပါလိမ့်။

မျက်ရည်နဲ့ ဆလိုက်ထိုးတယ်
မျက်ရည်နဲ့ ဓါတ်ပုံ ရိုက်တယ်
ကင်မရာခလုပ်ပေါ်မှာ နှလုံးသားနဲ့ပဲ အကြိမ်ပေါင်းများစွာ ဖိနေမိပေါ့။

ငြိမ်းဝေ
၁၃၊ ၁၊ ၂၀၁၂
နေ့လည် ၁၂ နာရီ ၄၀ မိနစ်

2 comments:

  1. Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete
  2. ဒီလို ကဗျာတွေ၊ ဒီဘ၀တွေကို ပြန်ပြောပြတဲ့ ရသစာပေတွေ အများကြီးလိုပါတယ်။ လူတွေ ဖိနှိပ်သူကို တော်လှန်ဖို့ ပါမလာတာ ဒီအကြောင်းတွေ သူတို့ရင်ထဲကို ထိတဲ့အထိ မသိတာလဲ အကြောင်းတခုပါပဲ။

    ReplyDelete