August 09, 2012

ကျွန်တော်တို့မှာ ရန်သူမရှိ မိတ်ဆွေသာရှိ



(က)
လွန်ခဲ့သည့် ၁၅ နှစ်ခန့်က ဖြစ်သည်။
ခင်မင်လေးစားရသော မိတ်ဆွေကဗျာဆရာတစ်ဦးက ဆရာဒဂုန်တာရာရဲ့ ‘ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်လို့ရတယ်’ ဆိုတဲ့စကားကို ဂျာနယ်တစ်စေါင်မှတဆင့် တုန့်ပြန်ဝေဖန်သည်ကို ကျနော် ဖတ်ခဲ့ရဖူးသည်။ သူက ရန်ဘက်အရ လုံးလုံးကြီးဆန့်ကျင်နေသော ဆန့်ကျင်ဘက် အနေအထားကို ပေါင်းစပ်လို့မရကြောင်း ရူပဗေဒနည်းအရ သက်သေပြသည်။ အကျိုးစီးပွါးချင်း ဆန့်ကျင်ဘက်ဖြစ်နေသည့် မတူသော လူတန်းစားနှစ်ရပ်ကို ဘယ်လိုနည်းနဲ့မှ ပေါင်းစပ်လို့မရဘူးဟု ယခင်ဂန္ထဝင်ပေတံဖြင့် တိုင်းတာပြကာ သက်သေပြသည်။ သူက ရန်ငါ ရပ်တည်ချက်ဖြင့် အခြေခံကာ ဆရာဒဂုန်တာရာကို စိတ်ကူးယဉ်သူဟူသော ကောက်ချက်ဖြင့် တုန့်ပြန်သည်။

August 02, 2012






လွန်ခဲ့ ဧပြီလ ၁ ရက်နေ့က ကျနော် အမိနိုင်ငံကို အပြီးအပိုင် ပြန်ခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ကျနော့်ဘလော့လေးဘက်ကို အခြေအနေအရ ပြန်ပြီး လှည့်မကြည့်နိုင်ခဲ့ပါဘူး။
အခုတော့ ပို့စ်အသစ် စပြီးတင်နိုင်ပါပြီ။
ဒီပုံကတော့ ကျနော်နေထိုင်တဲ့ ကျွဲပွဲမြို့ကလေးက အမျိုးသားဒိမိုကရေစိအဖွဲ့ချုပ်ရုံးမှာပြုလုပ်တဲ့အာဇာနည်နေ့အထိမ်းအမှတ် ဗဟုရသစာဖတ်ခန်းဖွင့်ပွဲနဲ့ စာစီစာကုံးဆုပေးပွဲမှာ ကျနော် ကဗျာရွတ်ဆိုနေတဲ့ ပုံပါ။
အဲဒီနေ့က ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ အာဇာနည်ဗိမာန်ဘွဲ့ မဟာကဗျာလေးချိုးကြီးကဗျာကို
ကျနော် ရွတ်ဆိုခဲ့ပါတယ်။
ဒါဟာ နိုင်ငံပြင်ပမှာ အနှစ်နှစ်ဆယ် နေခဲ့ပြီးမှ
အမိမြေကို ပြန်ရောက်တဲ့အချိန်
ပထမဦးဆုံးသော ကဗျာရွတ်ဆိုခွင့် ရခဲ့ခြင်းပါပဲ။
အားလုံးကို သတိရလျက်
ငြိမ်းဝေ