(က)
လွန်ခဲ့သည့်
၁၅ နှစ်ခန့်က ဖြစ်သည်။
ခင်မင်လေးစားရသော
မိတ်ဆွေကဗျာဆရာတစ်ဦးက ဆရာဒဂုန်တာရာရဲ့ ‘ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်လို့ရတယ်’ ဆိုတဲ့စကားကို
ဂျာနယ်တစ်စေါင်မှတဆင့် တုန့်ပြန်ဝေဖန်သည်ကို ကျနော် ဖတ်ခဲ့ရဖူးသည်။ သူက ရန်ဘက်အရ လုံးလုံးကြီးဆန့်ကျင်နေသော
ဆန့်ကျင်ဘက် အနေအထားကို ပေါင်းစပ်လို့မရကြောင်း ရူပဗေဒနည်းအရ သက်သေပြသည်။ အကျိုးစီးပွါးချင်း
ဆန့်ကျင်ဘက်ဖြစ်နေသည့် မတူသော လူတန်းစားနှစ်ရပ်ကို ဘယ်လိုနည်းနဲ့မှ ပေါင်းစပ်လို့မရဘူးဟု
ယခင်ဂန္ထဝင်ပေတံဖြင့် တိုင်းတာပြကာ သက်သေပြသည်။ သူက ရန်ငါ ရပ်တည်ချက်ဖြင့် အခြေခံကာ
ဆရာဒဂုန်တာရာကို စိတ်ကူးယဉ်သူဟူသော ကောက်ချက်ဖြင့် တုန့်ပြန်သည်။