October 19, 2008
မိုးတည လရောင်တခုနဲ့ ကတိစကား
အခုတလော
ငါ့ခေါင်းပေါ်က ကျော်ခွသွားကြ
တိမ်မဲတချို့ဟာ သံတုံးသံခဲတွေဖြစ်နေခဲ့။
အဲဒီ တိမ်တလိပ်ရဲ့
အဖွင့်အပိတ်ကြားကပဲ
ဒလိမ့်ခေါက်ကွေး ကျလာတတ်တဲ့
လရောင်တစက်နှစ်စက်
ငါ့နှလုံးသားထက် တုံးလုံးပက်လက်ခေါက်။
ကြည့်စမ်းပါဦး
အနီရောင် မရင့်တရင့်
တိမ်တပွင့်က အရိပ်တခုနဲ့ကခုန်
သေရည်စုံဆိုင်းချက်မှာ သိုင်းကွက်တွေနင်းနေခဲ့။
မဒေ၀ီရေ
မင်းရဲ့ ပန်းတွေအကြွေဆုံးဘဝ
ငါ့ရဲ့ ပန်းတွေအဝေဆုံး ကာလ
မျဉ်းပြိုင်ချကြည့်နေတုန်းပဲလား
သွားစမ်းပါ။
`၀တ်မှုန်ကူးကြ ၀တ်မှုန်ကူးကြ´ တဲ့
ကျနော်တို့ရဲ့ အနှစ်နှစ်ဆယ်ကျော်
`ဘုန်းမော်´ `ဖော်ဝေး´
ဆွေးတမွမွ ရေးတဖွဖွ
ဘ၀တချို့လေ လန်းဆတ်နေခဲ့။
မိုးခါးရေကို ငြင်းဆန်လိုက်သတဲ့
သောင်ရင်းမြစ်ရဲ့ မဟာရာဇ၀င်
မယုံချင်လည်း ရပါတယ်။
မည်သို့ပင်ဆိုစေ
`မာနယ်ပလော´ ရေ
မင်းကိုငါ
အသေအချာ ပြောလိုက်ပါပေရဲ့
မင်းဟာ
ငါ့ရဲ့ နှလုံးသားဒီမိုကရေစီမှာ
ဘယ်တော့မှ အပျိုရည်မပျက်စေရဘူးဆိုတာ
ယုံပါ။ ။
ငြိမ်းဝေ
(ဒီကဗျာလည်းပဲ ရေးခဲ့တာ ၁၀နှစ်ကျော်ပါပြီ။ ကာပြွန်တီ ဗဂျော်ဂျီများဖြစ်ကြတဲ့ အောင်သာငယ်တို့ ပန်ဒိုရာတို့ကို အားကျပြီး ကိုယ်တိုင် ကဗျာသရုပ်ဖော်ပုံကို ဆွဲလိုက်ပါတယ်။)
Subscribe to:
Post Comments (Atom)
ဆယ်နှစ်ကျော်ပေမယ့် အပျိုရည်မပျက်သေးတဲ့ ကဗျာကို ဖတ်သွားပါတယ်..။
ReplyDeleteကိုယ်တိုင်ဆွဲထားတဲ့ သရုပ်ဖော်ပုံကလေးကလည်း ကဗျာဆန်တယ်။ နောက်လည်းဆွဲဦးနော် ဆရာ။
အနီရောင် မရင့်တရင့်
ReplyDeleteတိမ်တပွင့်က အရိပ်တခုနဲ့ကခုန်
သေရည်စုံဆိုင်းချက်မှာ သိုင်းကွက်တွေနင်းနေခဲ့။
အဲတာလေးက ကျနော် အရမ်းကြိုက်ခဲ့တာပေါ့ ကိုငြိမ်း
ခုတော့ ကိုငြိမ်းလည်း ဗဂျော်ဂျီ ဖြစ်ပြီး)
အဖော်ရပြီဗျို့
ကဗျာရော သရုပ်ဖော်ပုံလေးရော ကြိုက်တယ်ဗျ။
ReplyDeleteအားကျတယ် ဆရာရေ
ဆရာတို့၊ အရီးပန်တို့ ကိုအောင်သာငယ်တို့ကတော့
စွယ်စုံကဝေတွေ :)
ပျော်ရွှင်ပါစေခင်ဗျာ :) :)
ကဗျာကော ပန်းချီကော ခံစားသွားတယ်အစ်ကို။
ReplyDelete