November 17, 2008

ချစ်သူ ဘလော့ဂါမိတ်ဆွေများသို့

အကြောင်းအမျိုးမျိုးကြောင့် ကျနော့်ဘလော့ကို ကျနော် လှည့်မကြည့်နိုင်ခဲ့ပါဘူး။ အထူးသဖြင့် ကျနော့်ကို လာရောက်အားပေး ဖေးကူ နှိုးဆော်ကြသူတွေကို ကျနော့်ဘက်က ကျေးဇူးစကား တုန့်ပြန်ဖို့ရာ ပျက်ကွက်ခဲ့ပါတယ်။

ကျနော့်ဆီကို တလေးတစားနဲ့ လာရောက်အားပေးကြ အလည်လာကြ နှုတ်ဆက်ခဲ့ကြတဲ့ ဒေါ်ပန်လေး၊ ငြိမ်းချမ်းအောင်၊ ကိုအေးကြူ၊ ရဲဝံ့သူ၊ မဟာမေ၊ ကိုအောင်၊ ကိုညိမ်းညိုလေး၊ ကိုမြတ်သူ၊ အောင်သာငယ်၊ ကောင်းကင်ကို၊ မဆုမွန်၊ မောင်မောင်ငယ်၊ ကိုဂင်ကြီး၊ Republic၊ အိုးဝေအောင်၊ ဒေါ်တန်ခူးနှင့်တကွ ကျန်လာလည်သော်လည်း ကွန်းမန့်မချန်ထားခဲ့ကြတဲ့ ခင်မင်သူအားလုံး ကျနော့်ကို ခွင့်လွတ်ဖို့ ထပ်လောင်းတောင်းပန်အပ်ပါတယ်။
နောက်ပိုင်းမှာတော့ ကျနော့်ဘလော့ကို ပြန်လည်အသက်ဝင်အောင် ကြိုးစားသွားပါ့မယ်။

အားလုံးကိုချစ်ခင်စွာဖြင့်
ငြိမ်းဝေ

7 comments:

  1. နားနားပြီး ဘလော့ပါ ကိုငြိမ်းရေ့.....း)

    ကျနော်တို့ စိတ်မဆိုးတတ်ပါဘူး.....

    ReplyDelete
  2. အေးအေးဆေးဆေးပေါ့။
    တနေ့တခေါက်လောက် အမြဲရောက်တယ်ဗျို့။
    အသစ်မတွေ့လည်း အဟောင်းတွေ ပြန်ဖတ်တာပေါ့။
    အားပေးလျက်။

    ReplyDelete
  3. ဆရာ အလုပ်များနေပြန်ပြီထင်တယ်..။ စိတ်အေးလက်အေးသာလုပ်ပါ..။ ချမ်းမြေ့ပါစေ..။

    ငြိမ်းချမ်းအောင်

    ReplyDelete
  4. ဆရာရေ အလုပ်တွေများနေတယ်ထင်ပ
    ကိုအောင်သာငယ်ပြောသလိုပါပဲ
    နားနားပြီးပြော အဲလေ...နားနားပြီးဘလော့ပါဆရာရေ :P
    အဆင်ပြေပါစေခင်ဗျာ :)

    ReplyDelete
  5. အကိုကြီးရေ အေးအေးဆေးဆေး နားနားနေနေ
    ဆောင်ရွက်ပါ အားပေးလျက်ပါ။

    ReplyDelete
  6. မျှော်နေမယ်ဗျာ။

    ReplyDelete
  7. ဥရောပမဲဇာရောက်ဖူးတဲ့ ဆရဲာငိမ်းဝေ..
    အမေရိက အာရီဇိုနားပြည်နယ်က မဲဇာ (Mesa) ဆိုတဲ့
    မြို့ လေးကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။
    နားနားပြီး ဘလော့ဂ် ပေါ့ ဆရာရေ...။

    ReplyDelete