ကျနော့် ဘလော့မှာ ပို့စ်အသစ်မတင်နိုင်ခဲ့တာ (၃)လထဲရောက်လာပြီ။ ဘာ့ကြောင့် ကျနော် တာဝန် မကျေနိုင်ခဲ့သလဲ။
(၁) ကျနော် ဘလော့မလုပ်ခင်ကတည်းက တခြားပုံမှန်ထုတ်ဝေတဲ့ ၀က်ဆိုဒ် မဂ္ဂဇင်းတွေမှာ စာရေး ခဲ့တာကြာပါပြီ။ ကျနော့်မှာ အများအတွက်၊ တိုင်းပြည်အတွက်ပဲဆိုတဲ့စိတ်နဲ့ ဒီဖက်ကထွက်သမျှပလက် ဖောင်းဟူသမျှမှာ စာမူခမရပဲရေးခဲ့ရတာ ၁၉၉၅-ခုနှစ်ကစပြီး ၂၀၀၄-ခုနှစ်အထိ။ ဒီနောက်ပိုင်းကြတော့ ပလက်ဖောင်းတချို့ကလည်း စာမူခပေးရမယ်ဆိုတာနားလည်လာကြတာလဲပါ၊ ကျနော်ကလည်း စာရေးတဲ့ အလုပ်ကလွဲပြီး တခြားဘာမှမလုပ်တတ်ဆိုတော့ စာရေးရင် စာမူခရရမယ်ဆိုတဲ့ မူနဲ့ ကျနော်ရပ်တည်ခဲ့မိ တယ်။
ကျနော်ဘလော့လုပ်တော့ ရှင်းရှင်းပြောရရင် ကိုယ့်ဆီမှာ ကိုယ်ရေးကိုယ်တာဆန်တဲ့စာမူ၊ တနည်းအားဖြင့် ၀က်ဆိုဒ် မဂ္ဂဇင်းတွေမှာ ဖော်ပြလို့ မရနိုင်တဲ့စာမူကြမှ ဘလော့မှာတင်ပြီး၊ ကျန်တဲ့စာမူတွေ စာမူခရတဲ့ပလက်ဖောင်းတွေဆီတင်ခဲ့တယ်။ ကျနော်စိတ်မကောင်းဖြစ်ခဲ့ရတယ်။ စိတ်မလုံဘူး။ ဒါကြောင့် စိတ်ဖြေလို့ရအောင် ကျနော့်ဘလော့မှာ `ပြန်လည်တူးဖော်ခြင်း´ ဆိုတာလုပ်ပြီး `ဆားချက်´ခဲ့ပါသေးတယ်။ ဒါပေမယ့် ကျနော့်ဆားကမငံဘူး။ စိတ်မသက်မသာဖြစ်မှုက ပိုပြီးဆိုးလာခဲ့တယ်။ ဒါဟာ ပိုက်ဆံမရတဲ့ ဘလော့ပေါ်၊ ပိုက်ဆံရတဲ့ ၀က်ဆိုဒ် လောက်တန်ဘိုးမထားဘူးလားပေါ့။ အခုတော့ ကျနော်ကိုယ့်ကိုယ်ကို မညာချင်တော့ဘူး။
(၂) ကျနော့်ကို ဆရာလေး ယောဟန်အောင်က ဘလော့လုပ်ဖို့တိုက်တွန်းတာကြာပြီ။ ကျနော် မလုပ်ဖြစ်ခဲ့ဘူး။
ရှင်းရှင်းပြောရရင် ကျနော်က ကွန်ပျူတာနဲ့ရေစက်မရှိပါဘူး။ ကျနော် ၁၉၉၅-ခုနှစ်က ဥရောပမှာ နေ ခွင့်ရတော့ ကွန်ပျူတာတစ်လုံး စိတ်တိုင်းကျသုံးခွင့်ရတယ်။ ကျနော်ကိုင်ပြီး မကြည့်မိဘူး။ လက်နဲ့ပဲစာရေး တယ်။
ဒါပေမယ့် ကွန်ပျူတာက ကျနော့်ကို စိတ်နာမသွားဘူး။ ကွန်ပျူတာက ကျနော့်ကို အမြဲမလှမ်းမ ကမ်းကလိုက်လာနေခဲ့တယ်။ ကျနော်သတိမထားမိဘူး။ အခုတော့ ကွန်ပျူတာဟာ ကျနော့်ဘ၀ရဲ့ မရှိမဖြစ် အစိတ်အပိုင်းတခုဖြစ်လာခဲ့တယ်။ ဒါပေမယ့်...။
၂၀၀၀ခုနှစ်ကစပြီး ကျနော်၊စာကြည့်တိုက်မှူးလုပ်ပါတယ်။ စာရင်းဇယားနဲ့ အစီရင်ခံစာတွေ ရုံးကိစ္စ၊ ဆက်သွယ်ရေးကိစ္စ၊ ရုံးအကူများက လုပ်ပေးခဲ့တယ်။ ကျနော်နဲ့ကွန်ပျူတာနီးလျက်နဲ့ခွါပြီး ကျနော်နေတယ်။ ၂၀၀၆ခုနှစ်ရောက်လာတယ်။ ရုံးအကူများ(၂)ယောက်ပြောင်းသွားတယ်။ ကျနော်နဲ့ကွန်ပျူတာက တစ်တောင် အကွာက မပြောင်းလဲဘူး။ ဆက်ဆံရေးလည်းမပြောင်းလဲဘူး။
၂၀၀၆ - နှစ်ထဲ စာကြည့်တိုက်မှာ အကူဝန်ထမ်းမထားနိုင်တော့ ကျနော့်တူမလေးကို ခေါ်ရ တယ်။ သူကကျောင်းပြီးပြီလေ။ သူရောက်လာပြီး ကွန်ပျူတာကိစ္စတွေဆက်လုပ်တယ်။ အဲဒါပြီးခဲ့တဲ့(၂)လ ကျော်အထိ။ တူမလေးကို သူ့ဘ၀နောင်ရေးအတွက် အခြားတနေရာကို ကျနော်ပို့ခဲ့ရတယ်။ သူမရှိလည်း တခြားတယောက်ယောက်နဲ့ခရီးသွားမယပေါ့်။ ဒီလိုနဲ့ ကျနော့်ဘလော့ဟာ ရပ်သွားခဲ့ရတာပဲ။
ကျနော်က ကွန်ပျူတာနဲ့ ပါသက်ပြီး အချက်(၃)ချက်ပဲသိတယ်။
(က) ဖွင့်တတ်တယ်။
(ခ) ကိုယ့် E- Mail ကိုဖွင့်ဖတ်တတ်တယ်။
(ဂ) ပိတ်တတ်တယ်။
ဒိအချက်သုံးချက်ကလွဲပြီး ကျနော်ဘာတခုမှ ပိုမသိဘူး။ စာလုံးဝမရိုက်တတ်ဘူး။ ခင်ဗျားတို့ယုံ ကြည်ပေးကြပါ။ အဲဒါ... တကယ်။
(၃) ကျနော်ဟာ ခင်ဗျားတို့အားလုံးရဲ့အလည်ကို သူများခြေထောက်နဲ့ ၀င်လာတဲ့ မိတ်ဆွေတ ယောက်ပါပဲ။ တကယ်တော့ သင်းကွဲငှက်တကောင်ဖြစ်တယ်ဆိုတာ အခုမှပဲသိရတယ်။ ဒါကြောင့်မို့ အားလုံး ကို ကျနော် မလေးမစားမလုပ်ချင်ဘူး။ ခင်ဗျားတို့အားလုံးကို ကျနော် ချစ်တယ်။ ဒါကြောင့်မို့ ကျနော့် ဘလော့ကို ကျနော် ခဏရပ်ထားရပါလိမ့်မယ်။ ကျနော်အလုပ်တွေပိနေပေမယ့် သင်စရာရှိတာသင် ယူရပါလိမ့်ဦးမယ်။ (၃)လ ကျနော့် လလော့ကို ထပ်ပြီးနားခွင့်ပြုပါ။ ပြီးတော့ စာမူတခုရေးပြီးတိုင်း တခြားဝက်ဆိုဒ်မဂ္ဂဇင်းမှာ တင်ပြီးမှ ကိုယ့်ဘလော့မှာ တင်နေရတဲကိစ္စကိုလည်း တခြားနည်းလမ်းတခု ကျနော်စဉ်းစားရပါဦးမယ်။
ဧပြီလကုန်ရင်တော့ ဘလော့မိတ်ဆွေတွေဆီ ပြန်လာနိုင်အောင် ကြိုးစားပါ့မယ်။
အားလုံးကို ချစ်ခင်လေးနက်စွာဖြင့်
ငြိမ်းဝေ
ဆရာရေ အဆင်ပြေတဲ့အခါ ပြန်လာခဲ့ပေါ့။ ငှက်တွေဟာ ဘယ်လိုဖြစ်ဖြစ် ပျံနေဖို့တော့ လိုတယ်မဟုတ်လား။ အတောင်ပံတွေ ဆက်လက်သန်စွမ်းပါစေ။
ReplyDeleteကိုငြိမ်းရေ့
ReplyDeleteခုမှ အပျံသင်နေသလား
ဘယ်လိုပဲဖြစ်ဖြစ် လေးစားချစ်မက်သူတွေကတော့ ငှက်ကလေးကို ပျံသန်းနေတာပဲ တွေ့ချင်တာလေ
ဝေးဝေးနဲ့ မြင့်မြင့် ပျံစမ်းပါဗျာ
ကိုငြိမ်းဝေ- ပျံသန်းခြင်း နောက်တမျိုး သင်လိုက်အုံးမယ်လား။ အမျိုးမျိုးပျံသန်းကြတာပဲလေ..
ReplyDeleteဘယ်မှာပဲ ပျံပျံ ..ပျံနေတယ်ဆို..၀မ်းသာပါတယ်။
This comment has been removed by the author.
ReplyDeleteအကိုကြီး ဦးငြိမ်းဝေ ပြောတဲ့အတိုင်း စောင့်နေမယ်။
ReplyDeleteအစဉ်အားပေးလျက်ပါ...
ကိုအောင်
သင်းကွဲငှက်တော့ မဟုတ်ပါဘူး ဆရာ။ ကျနော်တို့ ရှိပါတယ်။
ReplyDeleteဦးငြိမ်းဝေ..
ReplyDeleteဗမာစာရိုက် ကျူရှင်ဖွင့်ထားတယ်။ စာပေးစာယူဆက်သွယ်ပါ။
ပုံ
ခင်မင်းဇော်
ဟိဟိ
ဟုတ်ကဲ့ပါ ပြန်လာမယ့် အချိန်ကို စောင့်မျှော်နေပါမယ်။ အပျံသင်တဲ့အချိန်မှာ အားမလျှော့တမ်းပေါ့ ခင်ဗျာ။
ReplyDeleteအဆင်ပြေမယ့်အချိနို စောင့်မျှော်နေမယ်အစ်ကို။
ReplyDelete