August 26, 2009

ဟိုက္ကူကဗျာချစ်စရာ


ကျနော် တခါတလေ စိတ်ကျဉ်းကြပ်တဲ့အခါ ဂျပန်ဟိုက္ကူကဗျာတွေကို ဖတ်တတ်ပါတယ်။
ဒီကနေ့ တော့ချစ်မိတ်ဆွေများစိတ်အပမ်းဖြေနိုင်အောင်ဂျပန်ဟိုက္ကူကဗျာ(၂)ပုဒ်လက်ဆောင်ပေးလိုက်ပါတယ်။


ထလော့ လိပ်ပြာကလေး
အချိန်တွေ နှောင်းကုန်ပေါ့
မင်းနဲ့ ငါ အတူတကွ
ခရီးမိုင်များစွာ သွားရဦးမယ်ပ။

WAKE, BUTTERFLY-
IT'S LATE, WE'VE MILES
TO GO TOGETHER.
Basho


မျက်လုံးလေးတွေရေ
မင်း အရာအားလုံးကို မြင်ခဲ့ပြီးပြီပဲ
ပြန်လာခဲ့တော့
အဖြူရောင် ဂနမာပန်းတွေဆီ
ပြန်လာခဲ့တော့။

EYES, YOU HAVE SEEN ALL...
COME BACK NOW,
COME BACK TO THE WHITE
CHRYSANTHEMUM!
Eisho

ချစ်မိတ်ဆွေများ လွတ်လပ်ချမ်းမြေ့နိုင်ကြပါစေ..။

ငြိမ်းဝေ


2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. ဆရာ
    ဒီကဗျာလေးတွေ ဖေါ်ပြပေးတာ ကျေးဇူးပါရှင့်

    ဒီ "ဟိုက္ကူကဗျာချစ်စရာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ
    မြန်မာမဂ္ဂဇင်းကြီးတခုမှာ ဆရာကြီးမင်းသုဝဏ် မိတ်ဆက်ပေးခဲ့တယ် လို့ ကျမ ထင်နေမိတယ်
    အဲဒါ ဆရာပဲလား . မသိတော့ ဘူး..

    မဂ္ဂဇင်းနာမည်လဲ ကျမသေချာ မမှတ်မိတော့ပါဘူး
    နှစ်တွေလဲ မနည်းတော့ဘူးလေ. .အနည်းဆုံး ၁၀ စုနှစ် ၂ ခု စာနီးပါးလောက် ရှိမလား ပဲ

    ဆရာ ချမ်းမြေ့ပါစေ

    ReplyDelete