(က)
၁၉၉၃-ခု၊ …မယ်စာရင်းရန်းမှ သောလဲထရွာခရီး။ ထိုင်းနို်င်ငံ ။
“ ကိုခင်မောင်ဝင်း ” (ယခု - ဒု - ညွှန်မှူး၊ ဒီမိုကရက်တစ် မြန်မာ့အသံ )ပေးဖတ်ထားသည့် “ စာတမ်း ” ကို ကျနော် ဖတ်ကြည့်သည်။ စာရွက်များကို လက်ကကိုင်ထားရင်းက၊ ခန္ဓာကိုယ်ကို ကားဖင်ထိုင်ခုံပေါ်တွင် အလိုက်သင့် ယိမ်းခါထိန်းမတ် ရင်းက၊ စာလုံးများကို ဖတ်နိုင်အောင်ကြိုးစားနေရ၏။ သို့ သော် စာတွေကိုကောင်းစွာဖတ်လို့ မရ။ ကားက စမ်းချောင်းတခုထဲကိုပင် ကြိမ်ဖန်များစွာ ဖြတ်ကျော်နေခဲ့၏။ ကားဘီးများမှာ ချိုင့်များ၊ ခဲများကို တကျွီကျွီ တဂျောင်းဂျောင်းနှင့် ကြိတ်နင်းသွားနေခဲ့၏။ “ ကိုခင်မောင်ဝင်း ”ဆီက လိုလိုလားလားလှမ်းတောင်းပြီး ကားစီးရင်း ဖတ်ကြည့်မည်ဟု စိတ်ကူးခဲ့သမျှ ကျနော့်မှာ လက်လျှော့ရ မလိုဖြစ်လာရ၏။ အမှန်စင်စစ်၊ လမ်းကြမ်းပေါ် ကားစီးလိုက်ပါရင်း စာဖတ်လို့ မရနို်င်ခဲ့သည်ထက်၊ တချို့ စာမျက်နှာများ၊ တချို့  စာပိုဒ်များမှာ ကျနော် လုံးဝနားမလည်သော စာကြောင်းများ ဖြစ်နေ၏။ အင်္ဂလိပ်စာ အားနည်းလှသောကျနော့်မှာ အင်္ဂလိပ်လို ရေးထားသော “ ကိုခင်မောင်ဝင်း ” ၏စာတန်းကို လုံးစေ့ပတ်စေ့ ဘယ်လိုမျှ နားမလည်နိုင်ခဲ့။ လမ်းကြမ်းသဖြင့် စာဖတ်လို့ မရနိုင် ရသည့်အထဲ၊ စာတွေကလည်း ခက်ခဲလွန်းသောအခါ ကျနော့်မှာ “ ကိုခင်မောင်ဝင်း ” ၏စာတန်းကို အမြည်းသဘောသာ တို့ ထိ နိုင်ခဲ့လေသည်။
“ ကိုခင်မောင်ဝင်း ” ရေးခဲ့သောစာတမ်းမှာ “ သုညမဟုတ် ဂိမ်း ” ( Non - Zero – Sum Game ) ကို မိတ်ဆက်ထားခြင်း ဖြစ်သည်ဟုသာ ကျနော်နားလည်နို်င်ခဲ့လေသည်။
(ခ)
ကမ္ဘာ့ခေါင်းဆောင်များ အချင်းချင်းတွေ့ ဆုံစကားပြောကြသည့် အကြောင်းများကို ကျနော်ငယ်စဉ်ကတည်းက သဘော ကျခဲ့ဖူးပါသည်။ အထူးသဖြင့် အယူဝါဒချင်း ဆန့် ကျင်ဖက်ဖြစ်သူများဟု ကမ္ဘာက အသိအမှတ်ပြုထားသူများအချင်းချင်း တွေ့  ဆုံကြ၊ စကားပြောကြသည့် သတင်းများကိုကြားရစဉ်က၊ သူတို့ ဘယ်လိုများ စကားပြောကြပါလိမ့်၊ တယောက်၏ “ ဘာသာဗေဒ ” ကို နောက်တယေါက်က သဘောပေါက်နိုင်ပါ့မလား။ သူတို့ တတွေ စကားစစ်ထိုးနေကြမလား။ သူတို့ တတွေ စကားတွေနှိုက်ကြ မလား။ သူတို့ တတွေ သံတမန်ရေး ယဉ်ကျေးမှုအောက်ကနေပြီး သူ့ ဖက်ကိုယ့်ဖက် အကဲခတ်နေကြမလား။ တချိန်လုံးလိုလို ကျနော်စဉ်းစားနေခဲ့မိသည်။
၁၉၆၂-ခုနှစ်အတွင်းတုန်းက ဖြစ်သည်။ “ ကာရစ်ဘီယံပင်လယ်ကွေ ”့တွင် ရုရှတို့ က ဆမ်ဒုးံကျည် စခန်းလာချပြီးနောက်၊ ရုရှ နှင့် အမေရိကန်တို့  စကားပြောကြရ၏။ အမေရိကန်သမ္မတ “ ကနေဒ ” နှင့် ဆိုဗီယက်ရုရှသမ္မတ “ ခရူးရှော့ ” တို့  စကားပြော ကြ၏။ တယ်လီဖုံးထဲမှ တဆင့်ပြောကြခြင်းသာ ဖြစ်သည်။ သူတို့ နှစ်ဦး အခုလိုစကားမပြောခင်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့  ချုပ်ကြီးရဲ့  အတွင်းရေးမှူးချုပ် “ ဦးသန့် ” သည်၊ နှစ်ဖက်သဘောထား၊ နှစ်ဖက်စကားများကို တဖက်နှင့်တဖက် နားလည်လွယ် စေရန် ကြားဝင်ဆောင်ရွက်ပေးခဲ့၏။ ထိုစဉ်က “ ဦးသန့် ” ၏ “ အမေရိကန် နှင့် ဆိုဗီယက် ” စကားပြောနိုင်ရေး ကြိုးပမ်းသည့် နည်းနာမှာ၊ ထိပ်တိုက်ရင်ဆိုင်ရေးကို အခြေမခံ။ တွေ့ ဆုံအဖြေရှာရေးကိုသာ အခြေခံ၏။ “ တတိယဘာသာ စကားအသစ်” ကို အသုံးပြု၏။ ထို့ ကြောင့် ဆိုဗီယက်တို့ က ဒုံးကျည်စခန်းများကို ရုပ်သိမ်းသွားပြီး အမေရိကန်တို့ က ကျူးဘားကို ပိတ်ဆို့ ထားမှု ရုပ်သိမ်းပေး ခဲ့၏။ ထိုစဉ်က ဦးသန့် သည် “ သုညမဟုတ်ဂိမ်း ” သီဝရီကို လက်တွေ့ အသုံးချခွင့် ကြုံခဲ့သည့်သဘောဟု ယူဆရမလို ရှိ၏။ သို့  သော် ထိုစဉ်ကမူ ကမ္ဘာကြီးပေါ်တွင် “ သုညမဟုတ်ဂိမ်း ” “ သီဝရီ ” မှာ “ သီဝရီ ” တခု၊ ( သို့ မဟုတ် ) “ ပြဿနာဖြေရှင်းရေး နည်းလမ်းတခု ” အဖြစ် တွင်ကျယ်ခြင်း အလျဉ်းမရှိသေး။
(ဂ)
“ ရာဇ၀င်တွင်မယ့် စကားဝိုင်းများ ” စာအုပ်တွင်၊ ကျနော်သည် “ မော်စီတုံး ” နှင့် “ နစ်ဆင် ” ပါဝင်သည့် စကားဝိုင်းများ ကို နှစ်သက်၏။ စာအုပ်၏နောက်ပိုင်း အရှေ့ အလယ်ပိုင်း ပြဿနာဖြေရှင်းရေး စကားဝိုင်းများကိုမူ ကျနော်သိတ်ပြီး ဘ၀င်မခိုက် လှပါ။ “ မော်စီတုံး ” နှင့် “ နစ်ဆင် ” တို့ ပါဝင်သည့် “ စကားဝိုင်း ” များမှာ “ ဒဿန ” အပေါ် အခြေခံသည့် “ စကားဝိုင်း ” များ ဖြစ်နေခဲ့၏။ သည်ကြားထဲကမှ “ နယ်ရုပ်များ ” ၊ “ ကွင်း ” များကို ကျနော်တို့  ဒေါင့်ဖြတ်သဘောတွေ့ လိုက်ရခြင်းသာ ဖြစ်သည်။
“ ခင်ဗျားတို့ နိုင်ငံရေးမှာ ကျနော်က လက်ဝဲကို မကြိုက်ဘူးဗျ၊ လက်ယါကို ပိုကြိုက်တယ် ”
သည်စကားမှာ တရုတ်ပြည်ကွန်မြူနစ်ပါတီ ဥက္ကဌကြီး “ မော် ” က အမေရိကန်သမ္မတကြီး “ နစ်ဆင် ” ကို ပြော လိုက်သောစကားဖြစ်၏။ ကွန်မြူနစ်တယောက်က လက်ယါပါတီတခုကို ကြိုက်သည်ဟု အခုလိုပြောလိုက်သည်မှာ မူအရမဟုတ်ပဲ၊ “ ဒဿန ”ကို အခြေခံခြင်းမဟုတ်ပဲ “ အကျိုးစီးပွား ”ကို အခြေခံပြီးမှ ပြောသည့်စကားဖြစ်၏။ ထိုစဉ်က အမေရိကန်လက်ဝဲများက တရုတ်နှင့် မသင့်မြတ်လှသည့် ဆိုဗီယက်တို့ ဖက်သို့  ယိမ်းနေသောကြောင့် ဖြစ်၏။ ထိုအခါ အကျိုးစီးပွားအရ၊ “ လက်ယါ ” သည်ပင် တရုတ်လက်ဝဲကွန်မြူနစ်တို့ အဖို့  “ မဟာမိတ် ” ဖြစ်လာရ၏။ “ ဟီးဂဲလ် ”၏ “နိုင်ငံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရ ရန်သူဟူ၍ မရှိပဲ၊ ထာဝရအကျိုးစီးပွားသာ ရှိသည် ” ဟူစကားမှာ မှတ်သားဖွယ် ကောင်းလေသည်။
“ မော် ” နှင့် “ နစ်ဆင် ” တို့  ပါဝင်သော “ စကားဝိုင်း ” များမှာ၊ အကျိုးစီးပွားနှင့် ယှဉ်သောစကားဝိုင်းများ ဖြစ်၏။ နှစ်ဖက် စလုံး အကျိုးရှိမည့် “ ဘုံအကျိုးစီးပွား ” ကို ရအောင် ရှာယူရင်း၊ သီးခြားအကျိုးစီးပွားများကို အကာအကွယ်ပေးဖို့  ကြိုးစားခဲ့ကြ၏။ အပေးအယူရှိ၏။ အလျှော့အတင်းရှိ၏။ အသေမဟုတ်။
“ စကားဝိုင်း ” တခု စတော့မည်ဆိုလျင် “ အဓိက ပြဿနာတွေက စရမလား၊ သာမည ပြဿနာတွေက စရမလား၊ ဒါမှ မဟုတ် အဓိက ပြဿနာအပေါ် အခြေခံပြီးမှ သာမညပြဿနာကို စဉ်းစားကြမလား၊ ဒါမှမဟုတ် နှစ်ဖက်စလုံး အကျိုးမရှိသည်ကို တွေ့ အောင်ရှာ၊ နှစ်ဖက်စလုံး အကျိုးရှိမည့်နေရာအထိ ရှေ့ တိုးလုပ်ကြမလား၊ “ စကားဝိုင်း ” လုပ်ရင် နှစ်ဖက်စလုံးမရှုံးဘူး၊ နှစ်ဖက်စလုံး မနိုင်ဘူးဆိုတာ တကယ်ပဲလား---။ “ ရာဇ၀င်တွင်ရစ်မယ့် စကားဝိုင်းများ ” စာအုပ်က ကျနော့်ခေါင်းထဲကို ကြွက်တကောင် ထည့်ပေးလိုက်လေသည်။
(ဃ)
ယနေ့ တွင်မတော့ “ စကားဝိုင်းယဉ်ကျေးမှု ” သည်၊ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်၏ ၀န်ရိုးသစ် ဖြစ်လာခဲ့ပြီလော ဟု မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပြီ။ “ စကားဝိုင်းယဉ်ကျေးမှုသစ် ” ဟူသော စကားသည်ပင် ရှိလာခဲ့ပြီ။
ကျနော်တို့ သည် “ စကားဝိုင်းယဉ်ကျေးမှု ” ဒီရေလှိုင်းကိုစီးကာ၊ ၂၁-ရာစုအတွင်း ၀င်လာခဲ့ကြပြီ။ ယင်းဒီရေလှိုင်း ပေါ်တွင် တချို့ မှာ လှိုင်းမူးလျက်။ တချို့  လှိုင်းထိပ်တွင်ရပ်လျက်။ တချို့ လှိုင်းနှင့် ဝေးရာ။ တချို့ လှိုင်းအောက်-----။
မည်သို့ ပင်ဖြစ်စေ “ စကားဝိုင်းယဉ်ကျေးမှုသစ် ” က၊ ကျနော်တို့ ကို ဖိတ်ခေါ်လျက်ရှိသည်ဟုတော့ အခိုင်အမာ ယုံကြည် နေမိ၏။
ဒါမျိုးလေးတွေ ဖတ်ရတာ အသိအမြင် တိုးပွားပြီး စဉ်းစားတွေးတောစရာလေးတွေ ဖြစ်တာ အမှန်ပါ။
ReplyDelete“ ဟီးဂဲလ် ”၏ “နိုင်ငံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရ ရန်သူဟူ၍ မရှိပဲ၊ ထာဝရအကျိုးစီးပွားသာ ရှိသည် ”
ReplyDeleteဆရာ ဒီစကားလေး မှတ်သား သွားပါတယ်
ပြီးတော့ ကျမကိုယ်တိုင်လဲပဲ ဆရာ့လို တွေးခဲ့ဖူးပါတယ
အထူးသဖြင့် အယူဝါဒချင်း ဆန့် ကျင်ဖက်ဖြစ်သူများဟု ကမ္ဘာက အသိအမှတ်ပြုထားသူများအချင်းချင်း တွေ့  ဆုံကြ၊ စကားပြောကြသည့် သတင်းများကိုကြားရစဉ်က၊ သူတို့ ဘယ်လိုများ စကားပြောကြပါလိမ့်၊...
သူတို့တတွေ ကိုယ့်ယုံကြည်ချက်အတွက် ဘယ်လို ကာကွယ် ကြသလဲ.. ကိုယ့် ယုံကြည်တဲ့ဝါဒ တခုပြန်ပွားရေး ဘယ်လို များ တဖက်သားကို လွှမ်းမိုးမလဲ လို့ ခုချိန်ထိလဲ တွေးမိဆဲပါပဲ ဆရာ
အထူးသဖြင့် လောလော ဆယ် ကျမတို့ရဲ့အိမ်နီးချင်း အင်အားကြီးဆွေမျိုးပေါက်ဖေါ်တွေရဲ့ သဘောထားအမှန်ကိုနဲ့ သူတို့ ရဲ့ မြန်မာပြည်အပေါ်ရှုမြင်ပုံ ကို ကမ္ဘာ့အင်အားကြီးခေါင်းဆောင်တွေ ဘာလို့သေချာ မစောကြောကြတာလဲ.. မချဉ်းကပ်ရဲကြတာလို့ လဲ မကြာခဏ တွေးနေမိပါတယ်
တကယ်ဆို ကျမတို့တွေ ခေတ်သစ်ကိုလိုနီလက်အောက်ခံ နိုင်ငံ ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီလေ