September 09, 2008

ငါနဲ့ ငါ့ရဲ့ လရောင်များ


ဒီကနေ့ တင်တဲ့ ကဗျာကတော့ ရေးခဲ့တာကြာပါပြီ။ ဘယ်မှာမှ မဖော်ပြရသေးတဲ့ ကဗျာပါ။ ကျနော့်ရဲ့ စာပေ ဖြတ်သန်းမှုကို ကဗျာနဲ့ ဖော်ပြကြည့်တဲ့ သဘောပါပဲ။ ၁၉၉၂ - ခု၊ ကျနော် တော်လှန်ရေးနယ်မြေကို စတင်ခြေချမိတဲ့အချိန်တုန်းက ရေးခဲ့တာပါ။ ခံစားကြည့်လို့ ... ရနိုင်ကောင်းပါရဲ့ ...။

(က)

လရောင် အကျဉ်းထောင်မှာ
နှစ် - နှစ်ဆယ်ကျော်ကြာ
ငါ
နှစ်ခြိုက်စွာ နေလာခဲ့ပြီ။

လရောင်ဟာ
ငါ့ကို
အတောင်မဲ့ ငှက်တကောင်လို
ခြံလှောင်ပြီး မွေးခဲ့
မှန်ထောင်ပြီး ကျွေးခဲ့။

လရောင်နဲ့ည
လရောင်မဲ့ ည
ဘ၀နှစ်ခုနဲ့ ငါ။

သည်လိုနဲ့ပဲ
ည တချို့ကို ငါမုန်း
ညတချို့ကို ငါချစ်ခဲ့။

သည်လိုနဲ့ပဲ
ညတချို့က ငါ့ကိုမုန်း
ညတချို့က ငါ့ကိုချစ်ခဲ့။

(ခ)

မှတ်မိသေးသည်
လတစင်းနှင့်
ချစ်ခြင်းသီဖွဲ့ ဆိုခဲ့ည။
(၁၉၇၃- ပဲခူး)

မှတ်ရဦးမည်
လမင်းတရာ သာမယ့်ည။ ။
(၁၉၉၂ - မာနယ်ပလော)


ငြိမ်းဝေ

3 comments:

  1. ဆရာ ကဗျာလာဖတ်ပါတယ်
    လမင်းတစ်ရာ သာပါစေ..။

    ReplyDelete
  2. ကျနော်လည်း ဒီကဗျာကို သဘောကျနှစ်သက်မိလို့ ကော်ပီလုပ်
    သွားပါတယ်။

    ReplyDelete
  3. ဒီကဗျာကို ကြိုက်တယ် ဆရာ

    ReplyDelete