December 02, 2009

နွေတညရဲ့ ရင်ခုန်သံလှိုင်းဂယက်များကို စုစည်းခြင်း


ဆရာနိုင်ဝင်းဆွေရဲ့ နွေတည ဝတ္ထုအပေါ် အမေရိကမှာရောက်နေတဲ့ ကဗျာဆရာမကြီး (ဒေါ်)ကြည်အေး က၊သူ့ အနေနဲ့  ဒီဝတ္ထုကို ရုတ်တရက်မချီးကျူးချင်သေးဘူး၊ ဘာပြုလို့ လည်းဆိုတော့ ဒီဝတ္ထုဟာ နိုင်ဝင်းဆွေ ကိုယ်တိုင်ရေးဝတ္ထု ဟုတ်တယ်မဟုတ်ဘူးဆိုတာ မသေချာသေးလို့ ဖြစ်တယ်၊ပြင်သစ်ဝတ္ထုတချို့ နဲ့ တူနေသလားလို့ ဆိုပြီး ဆရာဒဂုန်တာရာဆီကို လှမ်းပြောခဲ့ဖူးတယ်။

နောက်ထပ်…စာရေးဆရာမ ဂျူး ကလည်း အင်တာဗျူးတခုမှာ သူ့ အနေနဲ့ မြန်မာဝတ္ထုထဲမှာ နွေတည ကို အကြိုက်ဆုံးမြန်မာဝတ္ထုတပုဒ်ဖြစ်တယ်လို့ သဘောထားပေးခဲ့ဖူးတယ်။

တခါ..ဒီဝတ္ထုကို ပြည်တွင်းမှာထပ်မံထုတ်ဝေဖို့ ခက်ခဲနေလို့ ကျနော့်ဘလော့မှာ အပိုင်းလိုက် စာရိုက်ပြီးတင်တော့လည်း မိတ်ဆွေတချို့  က သူတို့ အမြင်၊သူတို့ ခံစားချက်တချို့ ကို ဝင်ပြီးရေးခဲ့ကြပါတယ်။
အခုဆိုရင်…နွေတည ရဲ့နောက်ဆုံးတခန်း (၁၈) ကိုပဲ တင်ဖို့ ကျန်ပါတော့တယ်။

ဒီနောက်ဆုံးတခန်းကို တင်တဲ့အခါ
ကျနော့်ဘလော့မှာ မကြာခဏလာပြီး နွေတည အပေါ် သဘောထားပေးခဲ့ကြတဲ့
အောက်ပါချစ်မိတ်ဆွေများအနေနဲ့ ပဲ ဖြစ်ဖြစ်၊တခြား..ချစ်မိတ်ဆွေ မည်သူမဆို
မိမိတို့ ရဲ့ အမြင်၊ခံစားချက်၊ယူဆချက်တချို့ ကို ဝင်ရေးပေးကြဖို့ ကြိုတင်တောင်းဆိုအပ်ပါတယ်။

နွေတည နောက်ဆုံးအခန်းဖေါ်ပြပြီးတဲ့အခါ
“နွေတညရဲ့ ရင်ခုန်သံ လှိုင်းဂယက်များ”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သီးသန့် တစုတဝေးတည်း ဖေါ်ပြသွားချင်ပါတယ်။
နောင်အခါ နွေတည ဝတ္ထု (ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ပြည်ပမှာပဲဖြစ်ဖြစ်) ထုတ်ဝေဖြစ်ခဲ့ရင်
ဒီ ခံစားမှု စာစုများကို တပါတည်းထည့်သွင်းဖေါ်ပြနိုင်ဖို့ ရည်ရွယ်ပြီး အခုလို တောင်းဆိုရခြင်းဖြစ်ပါတယ်။
အကူအညီပေးကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။

ှုဦးဇင်းတိက္ခ
ခင်မင်းဇော်
မမသီရိ
ဆရာ ခင်လွန်း
ကိုအောင်
ပြည့်စုံ
အိုင်လွယ်ပန်
တင်မင်းထက်
မယ်ကိုး
Wai
Vista
Khin Lay
ကိုပြာ
ညီဇေ
မိုးချိုသင်း
ကိုကျော်နိုင်

ငယ်နိုင်
မီးမီးချစ်
သူမ
Sint
Thetmar
Anon
Ko Ko


ချစ်မိတ်ဆွေများ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ…
ငြိမ်းဝေ



5 comments:

  1. သေသေချာချာ ရေးပေးနိုင်အောင်၊ နောက်တခေါက် ပြန်ဖတ်လိုက်ပါ့မယ်။ သေချာတာက နွေတညကို တခါဖတ်ရင် တခါမောရတယ်။

    ReplyDelete
  2. ဆရာရဲ့ ပထမတစ်ခါ ဝေဖန်ချက်တောင်းတုန်းကတည်းက ကြောက်လို့ ပုန်းနေခဲ့တာပါ =)
    အခုလို ထပ်မံဆိုလာတော့ သေသေချာချာပြန်လည်ခံစားဖို့ အချိန်ပေးပါဦးနော်။
    ကျေးဇူးတင် လေးစားစွာဖြင့်

    ReplyDelete
  3. ဇာတ်သိမ်းပိုင်းကို၇င်ခုန်စွာစောင့်မျှော်နေပါတယ်...

    ReplyDelete
  4. ဟုတ်ကဲ့  သေချာလာရေးပါမယ်..
    ပြောချင်တာတွေ အများကြီးပဲ

    ReplyDelete
  5. နွေတညကိုဖတ်ပြီးခဲ့ပါပြီ။ ဇာတ်ကောင်တွေရဲ့ပုဂ္ဂိုလ်ရေးကို မခံစားပဲ စာအရေးအသားရဲ့ အနုပညာကိုခံစားပြီးပြောပါရစေ။ ကိုယ်တိုင်ရေးပဲဖြစ်စေ၊ ဘာသာပြန်သည်ပဲဖြစ်စေ စကားလုံးရေးချယ်မှု ရသကတော့ ပေးချင်တာထက်ကျော်လွန်အောင်ရခဲ့ပါတယ်။
    ဆရာနိုင်ဝင်းဆွေ စာအုပ်ကိုမဖတ်ခဲ့ဘူးပါ။ ဖတ်ခွင့်ရအောင် ပြန်လည်တင်ပြပေးတဲ့ ဆရာငြိမ်းဝေရဲ့ စေတနာနဲ့အားထုတ်မှုကိုလည်း လေးစားကြောင်းပြောပါရစေ။ ဆရာနိုင်ဝင်းဆွေရဲ့ စာရေးခြင်းအနုပညာကိုတော့ နှမြောမိပါကြောင်း။

    ReplyDelete