December 03, 2009

နွေတည

နိဂုံးများရဲ့ နိဂုံး

ဘူတာနံဘေး ကုက္ကိုပင်များအောက်တွင် ဝေ နှင့်သမီးလေးပျောက်ကွယ်လုလုအချိန်တွင် အခြားကမ္ဘာသ့ို့ ဆက်၍ ခုတ်မေါင်းတော့မည့် ရထားသည် ဖြေးဖြေးလေးလေး ရွေ့ ရှားလိုက်လေသည်။

ဤဘူတာကလေးမှ မီးရောင်များသည် တဖြေးဖြေးဝေးကွာလာလျက် နောက်ဖက်တွင် မှိန်ပျောက်ကျန်ရစ်နေခဲ့တော့သည်။ ရထားသည် မဲမှောင်သောညကို ဖြတ်သန်း၍ မောင်းနှင်နေသည်။

ကျနော်သည် ရထား၏ ပြတင်းဝမှ မရွေ့ လျားသေး။

အပြင်ဖက် မဲမှောင်နေသည့် ကောင်းကင်ပြင် အနက်ထည်ကြီးထဲဝယ် တလက်လက် အဆုပ်အခိုင်လိုက် တောက်ပနေကြသော ကြယ်ဖူးကြယ်ပွင့်ငယ်များကို မျှော်ကြည့်နေသည်။ ဤ ကြယ်ဖူးကြယ်ပွင့်ကလေးများ၏ အလှအပ ချစ်စဖွယ်ကောင်းပုံထက် ကျနော့်သမီးလေး စပယ်ခိုင် အဆရာထောင်ပိုမို၍ ချစ်စဖွယ်ကောင်းလေသည်။

‘ဝေ သည် သမီးလေး ခိုင်စပယ် အား ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ပဲ့ပြင်နိုင်ပါစေသတည်း‛ ဟု ကျနော် ကြေကွဲလှစွာ ဆို့ နင့်လှစွာ ဆုတောင်းနေပါသည်….ဝေ။ ။

ပြီးပါပြီ။

နိုင်ဝင်းဆွေ






6 comments:

  1. တကယ်ဆိုသူက စခေါ်သင့်ပါတယ်..ဘာအကြေင်းပြချက်မှမပေးပဲထားသွားခဲ့တာတော့
    အ၇မ်းတကိုယ်ကောင်းဆန်လွန်းနေသလားလို့.. Pdf File ကိုမျှော်နေပါတယ်.. comment ရှည်ေ၇းနိုင်အောင်
    ကြိုးစားပါဦးမယ်..Myanmar Font Typing အခက်အခဲ၇ှိနေလို့ပါ..

    ReplyDelete
  2. ဝေကို ကလေး အရွယ် နဲ့ ယူခဲ့ ပြီး ဘာပဲဖြစ်ဖြစ် စောင့်ရှောက်သင့်ပါလျှက်နဲ့ မစောင့်လျှောက်ဘူး.. ပဲ့ပြင်သွန်သင် ရင် ရရက်နဲ့  ကျိတ်ပြီး
    အုံ့ ပုန်းလုပ်နေတယ်..ယောက်ကျားပီသတဲ့စိတ် မရှိဘူး...
    သူကတော့ အေးချမ်းနေပြီ ဆိုပြီး ဝေနဲ့ ပြန်တွေ့ ရင် ပူလောင်ရမှာ ကြောက်နေတယ်. အဓိကကတော့ ဝေကို အောက်တန်းကျတယ် ဆိုပြီး ကျိတ်အထင်သေးတာ ပါပဲ...စပါးသယ်တဲ့ မိန်းခလေးကို သူလို လူနဲ့ မတူမတန်ဘူးထင်လို့ ...လွယ်လွယ်ယူ လွယ်လွယ် စွန့်ပစ် သွားတာပဲ...ကိုကို ဆိုတဲ့လူကို မုန်းမိပါတယ်...
    အတ္တကြီးလွန်းတယ် ထင်တာပဲ.. ဝတ္တုအနေနဲ့ ကတော့ အရမ်းကို ဆွဲဆောင်မှူ့ ရှိတာပဲ.. နိဂုံး ကိုသိလျှက်နဲ့ မျှော်လင့်နေမိသေးတာ...ပြန်များခေါ်လိုက်မလားလို့ ..
    စိတ်ရှည်လက်ရှည် တင်ပေးတာ ကျေးဇူးအထူးတင်ပါတယ်...

    ReplyDelete
  3. It's very touching story. "Ko Ko" made the decision base on his feeling and letters from his friends only.He is the looser.

    I want him to say "good bye" at least. I wonder why.....Wai can see empty seat and can't recognize him in the dark???

    Thank you so much for sharing.

    ReplyDelete
  4. ရင် ထဲမှာတော် တော် ဟာ သွားတယ် ကို ကို က ခင့် ဝေကို ထားသွားမယ် ဆိုတုန်း ကတည်းကပါ။ ကြားလူတွေ ရဲ့ အမြင် အထင်ကြောင့်  စပါးသယ် အလုပ်သမလေးကိုအထင်သေးသွားတယ်၊စွန့်ပစ် ရက်နိုင်တာကတော့  အံသြစရာပါ။နောက်ဆုံး မှာတော့ ပစ် သွားသူပဲ တမြေ့ မြေ့မျှော်လင့် ကြေ ကွဲ သွားအောင် ရေးထားတာ ကောင်းပါတယ။်ရင်ထဲမှာ တခုခုကျန်ခဲ့အောင် ကို ကောင်းလွန်းတဲ့ ဝတ္ထု ပါ။
    ဝေဖန်တာမှားသွားရင်ခွင့်  လွှတ်ပါ ဆရာ။ သိပ်ကြိုက်လွန်းလို blog တွေ ကို လယ်တိုင်းအရင် ရှာ ဖတ်မိတဲ့ blog ဖြစ်သွာပါတယ်။ ဖတ်ခွင့် ရအောင် တင်ပေးတာ ကျေးဇူး ပါ ဆရာ။

    ReplyDelete
  5. မီးမီးချစ်ပြောတာသဘောတူပါတယ်။
    ကိုကိုနေရာမှာကိုယ်ဆိုရင်ရောဘယ်လိုတုံ့ပြန်မလဲ။မဝေခွဲနိုင်ပါဘူး။လွယ်လွယ် စွန့်ပစ် သွားတာပဲ.လို့ပြောတာလွယ်ပေမဲ့သစ္စာ မရှိသူကိုဆက်ပေါင်းသင်းလို့လူသတ်မှုဖြစ်မှာလဲစိုးရသေးတယ်။ဥနှောက်ကကိုကို လိုဘဲထားခဲ့ချင်ပေမဲ့နှလုံးသားကထားခဲ့နိုင်ဖို့ပြန်မခေါ်မိဖို့တော်တော်မလွယ်ပါ။
    ဟေမာန်မှာဈေးတောင်းရွက်ပီးလုပ်ကြွေးတာတွေ၊အတူတူနေကြတဲ့အချိန်လေးတွေကိုကျော်ပီးblogမှာဆက်မဖတ်ချင်ခဲ့ဘူး၊ဇတ်လမ်းကိုသိထားလို့၊
    ကိုရဲ့ပျော့ညံ့တဲ့စရိုက်ကိုအမေဆိပြန်မှီခိုချင်တဲ့အခါမြင်နိုင်သည်၊gone with the wind မှAshley နဲ့Scarlet Ohara လိုသတိရမိသည်။
    "ဝေသည် လက်နှစ်ဖက်၌ ရေနွေးဖြင့် ပြုတ်လျှော်ထားသော ကျနော့် ပြည်ပေကျံနေသည့် အဝတ်များကို တဖက်သူ့ကွပ့်ပျစ်ပေါ်တွင် လှန်းလိုက်ပြီး ကျနော့် ကိုလှမ်းကြည့်ကာ ပြုံးလေသည်။
    “သားကြီးကလဲကွယ် အမေခဏကလေး မရှိရင် တကြော်ကြော် ဖြစ်တော့တာဘဲ” ဟု ပြောပြီး ရယ်သည်။"
    နေမကောင်းတဲ့အချိန်မှာပြူစုပုံကသားအမိလိုမျိုး၊ဝေရဲ့အချစ်ကအဆုံးမရှိပါ၊နှမလေးလိုဆက်စောင့်ရှောက်ရင်ရောဖြစ်နိုင်မလား?
    ပျော့ညံ့တဲ့မထိန်းသိမ်းတဲ့ပတ်ဝန်းကျင်အဟောင်းကိုပြန်လွှတ်ခဲ့တဲ့ကိုကို. ကိုသာအပြစ်တင်ချင်သည်။
    ကလေးသာသာစပါးသယ်တဲ့မိန်းခလေးပျံကျလေးကိုယူရင်ဒီလိုမဖြစ်အောင်သူ့မှာထိန်းသိမ်းဖို့တာဝန်ရှိသည်။ကြိုတင်မျှော်လင့်ထားသင့်သည်။ဒိလိုစရိုက်တွေအပြင်မှာလဲရှိပါသည်။
    ပန်းရန်ဆရာနဲ့ပန်းရန်သမအတွက်ထမင်းစားရေသောက်လိုဘဲဖောက်ပြားတာမကြာ့ခဏကြုံဘူးသည်။မကောင်းမှုလို့မသိကြသလိုပါ။
    စရိုက်မတူတာယူရင်ဒီလိုကြေကွဲစရာတွေဖြစ်နိုင်လို့တကယ်တာဝန်ယူနိုင်မှယူကြပါ။ကယ်တင်ရှင်မဟုတ်ဘဲလူယုတ်၊လူတွေဝေဖြစ်နိုင်သည်၊

    ReplyDelete
  6. ဒီဇာတ်ကောင်ကတော့ ဖတ်ဖူးသမျှဝထ္ထဇာတ်ကောင်တွေထဲမှာ အတော်ချာတယ်ကွာ။ ဝထ္ထုအရေးအသားကတော့ မဆိုးပါဘူး။ ဒီလိုဇာတ်ကောင်မျိုးကိုတော့ လူငယ်တွေ လုံးဝအတုမယူကြပါစေနဲ့။

    ReplyDelete