နှစ်ပေါင်း ၄၀ ကျော်
ကျနော် အမှောင်ကို မုန်းခဲ့သည်။
တရံခါမှာတော့ အမှောင်ကို ချစ်ကြည့်ရရင် ကောင်းမလားလို့  စဉ်းစားခဲ့ဖူးသည်။
ကျနော် တုန်လှုပ်သွားရသည်မှာ အမှန်။
အခုတော့ အမှောင်သည် ကျနော့်ဘဝအတွက် မရှိမဖြစ်တဲ့ အမုန်းဆုံးချစ်သူ
အမှောင်ရှိမှ အလင်းရှိမယ်
ငါက အမှောင်ကို ပျောက်သွားအောင် လုပ်နေတာ
ငါ့ကိုယ်ငါ ကြိုးဆွဲချနေတာပဲ
ခက်တာက အမှောင် က အလင်းရဲ့လိုအပ်ချက်ကို သိနေသလိုပဲ
တခါတလေ အမှောင်က အလင်းကို ကစားနေသလိုပဲ
တခါတလေ အမှောင်ကများ အလင်းကို ချစ်နေသလိုပဲ
ပါးနပ်လိုက်တဲ့ အမှောင်။
ငါတို့ အမှောင်ဆီက ပညာယူဖို့ နောက်ကျသွားပြီလား။
ငြိမ်းဝေ
( ချစ်သော သုခမိန်လှိုင် ရဲ့ လက်နှိပ်ဓါတ်မီးထိုးပြီး ရေးတဲ့ကဗျာ စာအုပ်ဖတ်ပြီးနောက် သည်ကဗျာကို ခံစားမှု ပုံတူကူးချ ရေးခြင်းဖြစ်ပါတယ်။ သရုပ်ဖေါ်ပုံကလည်း အဲဒီကဗျာစာအုပ်ထဲက အကြိုက်ဆုံးပုံကို စကင်ဖတ်ပြီးတင်လိုက်တာပါ။ )
No comments:
Post a Comment