နှစ်နှစ်ဆယ်စေါင့်ရလည်း
ငါတို့ ရဲရဲပဲ
ဖူးခဲ့ကြပြီးမှ အဆင်သင့်…။
တကယ်ပဲ နှစ်နှစ်ဆယ်ဟာ
ကွေးကောက်လူးလူး ရှေ့မှာ စွေ့စွေ့ခုန်ပြေးနေသေးတယ် ရှေ့မှာ
ဒါပေမယ့်
အချိန်မရှိတော့ဘူး
ချစ်သူ
ငါတို့ရဲ့
နောက်ဆုံးအသက်ရှူသံတစ်တောင့်အတွက် ငါတို့ ကမ္ဘာမြေကြီးကို ဆောင့်နင်းကြရတော့မယ်
ဝါးတစ်ထောက်ကနေပြီး
တညလုံး ငါတို့ ပုန်းမအိပ်နိုင်ဘူး
ဆံတခြည်မျှင်ကနေပြီး
ငါတို့ တဘဝလုံး ခြောင်းကြည့်မနေသင့်ဘူး
လရောင်တွေကို
ခွက်ကပ်မကျန်အောင် မော့သောက်လိုက်စမ်းပါ
ဒေါသရောင်သင့်နေတဲ့
ဗုံသံတွေဟာ
သိဂါင်္ရရသနဲ့ကပ်ချွဲနေတဲ့
ဗုံးသံတွေကြားမှာ အုတ်အရောရော ကျောက်တထွေးထွေး
ဒါပေမယ့်
ငါတို့ ဖြင်ကြည့်ရဲခဲ့ကြပြီပဲ
ငါတို့ စပ်ကြည့်ရဲခဲ့ကြတာပါပဲ
အသေအချာ နားထောင်ကြည့်စမ်းပါ
ဗုံးသံတွေမှာ
ဝတ်ဆံတစ်ခု ပြုတ်ကျသွားလိုက်တဲ့ အသံ…။ ။
ငြိမ်းဝေ
၂၅၊ ၃၊ ၂၀၁၃။
တနင်္လာနေ့။ မနက် ရှစ်နာရီ ၅၅ မိနစ်
ပုလဲကွန်ဒို၊
ရန်ကုန်မြို့။
No comments:
Post a Comment