မိသားစုအကြောင်းရေးတဲ့ကဗျာတွေ ကျနော် အသံလွှင့်ခဲ့ဖူးတယ်။ တယ်လီဖုံးထဲကတဆင့် အသံလွှင့်ဌါန တာဝန်ရှိသူထံ ကဗျာရွတ်ပြီး အသံပို့ တဲ့အခါ တခါတလေ ကဗျာရွတ်နေရင်းက မျက်ရည်ဝဲချင် ဝဲနေမိတယ်။အသံအားလုံးပို့ ပြီးလို့  တယ်လီဖုံးကို ပခက်ပေါ်တင်လိုက်ပေမယ့် ကျနော့်စိတ်က အဲဒီကဗျာထဲက မထွက်နိုင်သေးဘူးဖြစ်နေတတ်တယ်။
ဟိုး လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကပါ။ ကျနော်က တနာရီခွဲလောက်လျောက်မှရောက်နိုင်တဲ့ ဖြူးမြို့ ကလေးဆီကနေပြီး ကျနော်နေတဲ့ လူငယ့်အားမာန်လယ်ယာသမဝါယမအသင်းနေရာကို ခြေလျင်ပြန်ခဲ့ရတဲ့နေ့ တွေ။ တလမ်းလုံး မိုးတွေတဖြိုင်ဖြိုင်ရွာနေတဲ့အောက်မှာ။ အိမ်ကို မိုးချုပ်မှရောက်တယ်။ ကျနော့်ချစ်သူက သားအကြီးကောင်ကိုဘေးမှာထား သားအလတ်ကောင်ကို ရင်ထဲမှာလွယ်ထားလျက်က တဲကလေးတလုံးရဲ့ လှေကားထိပ်မှာထိုင်နေခဲ့တယ်။ စစ်ရှုံးလို့ ရှေ့ တန်းကပြန်လာတဲ့ကျနော့်ကို သူတို့ ကြိုနေခဲ့ကြတာပေါ့။ အဲဒီနေ့ က ကျနော်ကျူရှင်ပြနေတဲ့အိမ်မှာ နောက်ဆုံးစာသင်ခဲ့ရတဲ့နေ့ ။ကျနော့်ချစ်သူ မှာလိုက်တဲ့ သားကြီးအတွက် သံချဆေးမဝယ်လာနိုင်ခဲ့တဲ့နေ့ ။သားကြီးက ပါးစပ်ထဲက သန်ကောင်တကောင်ထွက်လာပြီးဖျားနေလို့ ။ နေ့ ပေါင်းများစွာ ဒီလိုပဲ ခြေလျင်လမ်းလျောက်ပြီးပြန်နေကျ ဆိုပေမယ့် အဲဒီနေ့ ကတော့ ကျနော် အရမ်းကိုပင်ပမ်းခဲ့တယ်။
ဒီကနေ့ ကျနော် အကြိမ်ကြိမ်ဖတ်ပြီး အကြိမ်ကြိမ်ခံစားနာကျင်ခဲ့ရတဲ့ “မိသားစုကဗျာ”တွေထဲက ကဗျာတပုဒ် တင်လိုက်ပါတယ်။ ကဗျာဆရာ “ခရမ်းပြာထက်လူ” ရဲ့ ကဗျာပါ။ ၂၀၀၁ ဖေဖေါ်ဝါရီလထုတ် မြှားနတ်မောင်မှာပါခဲ့တဲ့ကဗျာပါ။ ဝေမျှခံစားလိုက်တဲ့သဘောပါပဲ။
မိသားစု (၂)
နို့ ချောင်းပိတ်နေတဲ့ မိခင်နို့ အုံပေါ်
ယင်ကောင်တွေ
အဘိုး အဖေတို့ ပြောပြတဲ့
ဒုတိယကမ္ဘာစစ်ဗုံးကြဲလေယာဉ်တွေလို
တဝီဝီ တဝဲဝဲ။
သမီးလေးက ခြေလက်ကလေးများကန်ကျောက်
ငိုသံနဲ့ မောင်းထုတ်လို့ ။
ရင်သွေးရဲ့ဆာလောင်သံပေါ်
အမေ့မျက်ရည်
နွေသစ်ရွက်ကြွေများလို တဖွဲဖွဲ
ရွှဲလို့ ။
ကျွန်တော် ပြန်လာခဲ့
ဟိုအရင်တုန်းက အရှုံးအနိမ့်များအတိုင်း
တစ်နေ့ တာရဲ့ တစ်ညနေဟာ တုန်ခါလို့ ။
အိမ်တံခါးဝမယ်
မိုးရေတွေ စိုစိုရွှဲ
ညဟာ
ထိန်းမရအောင်တိတ်ဆိတ်
လူသေကောင်တွေ့ သလို ဆူညံလို့ ။ ။
ဦးငြိမ်းဝေ
ReplyDeleteကဗျာလာဖတ်ပါတယ်
ကိုခိုင်
http://kokhine.blogspot.com
ဆရာဝင်ဖတ်သွားတယ်အရမ်းကောင်းတယ်
ReplyDeleteနောက်ခေတ်မိုးဆက်တွေးကိုဆရာဒါမိုးမိတ်ဆက်ပေးတာ
ကျေးဇူးအရမ်းတင်းတယ်ဆရာတိုကိုအရမ်းလည်လေစားတယ်
နောက်လည်ရေးပေးပါလို.တောင်ဆိုပါတယ်ဆရာ