(က)
ကိုဗဟိန်းက
ဂျပန်တော်လှန်ရေးကာလ
ခင်မကြီးဆီ စာရေးတဲ့အခါ
ရိုးမဟာ
လရောင်ပြိုးပြက် ရွှန်းလက်လို့ နေခဲ့။
“ ဆမ်းမားဆက်မွန် ” က
“ လမင်းနဲ့ ခြူးပြား ”
ရေးသားတဲ့ဝတ္ထု
ပန်းပုကဗျာ။
“ ဦးလေးဟို ” က
နယ်စပ်တနေရာ
ထောင်တွင်းကပေးစာ ကဗျာ
လရောင်မှာရေးခဲ့။
အင်းစိန်ထောင်ထဲက
ဆိတ်ဖလူးရနံ့ ထုံယစ်
လရောင်ကို သူချစ်သတဲ့
ဖန်စမှန်စ
စိန်စမြစ တသ
ကဗျာဆရာတဦး
ခံစားမှုစိတ်ကူး ဖူးတွေ့ သွားခဲ့။
ကမ္ဘာလောကရဲ့ 
ဝီရကဗျာ
မွှေးရီပွင့်နီ ဝေဒနာ
လရောင်ထုခွဲ
“ ထွီးပါးဝီးကျိုး ”ပေါ်ကြဲလိုက်လိုက်။
ခင်ဗျားတို့ ဟာ
“ စောထ ” မှာ
လရောင်ကို လက်ချိုးရေခဲ့ကြ။
ခင်ဗျားတို့ ဟာ
“ အာယုတောင် ” တိုက်ပွဲည
လရောင်ကိုဖျာခင်း
သီချင်းဆိုနိုင်ခဲ့ကြ။
ခင်ဗျားတို့ ဟာ
နတ်တော်လရဲ့ ညတည
လရောင်ဘဏ္ဍာတိုက်
သိုက်တူးဖို့ ကြိုးစားခဲ့ကြ။
ခင်ဗျားတို့ ဟာ
“ ထွီးပါးဝီးကျိုး ” ရဲ့  ပုခုံးပေါ်
ဗုံးဆံအမြောက်ဆံတွေကြား
တိုရေရှားရေ ညတည
လရောင်ကို ရေချိုးနိုင်ခဲ့ကြ။
အိပ်ယါဝင် စောတဲ့ငါ
အိပ်ယါထ နောက်ကျတဲ့ငါ
ကဗျာတပုဒ်နဲ့  ကြိုးတုတ်ခံထားရတဲ့ငါ
လရောင်ဝေစု တခုမှမရခဲ့။
(ခ)
တော်လှန်ရေး သန္တိသုခ
ငြိမ်းချမ်းစွဘဝ
လရောင်တခု ဝေစုတဖဲ့
( ငါ့အတွက် )
ချန်ရစ်ခဲ့ဦး ရဲဘော်တို့ ။ ။
( ဒီကဗျာလေးဟာ ကျနော် တော်လှန်ရေးနယ်မြေရဲ့  မြို့ တော် “ မာနယ်ပလော ” ကို ရောက်ရှိပြီး ပထမဆုံး ရေးဖြစ်ခဲ့တဲ့ ကဗျာပါ။၁၉၉၃-ခု မှာထုတ်ဝေတဲ့ “ ဒေါင်းအိုးဝေ ” စာစောင်မှာ ဖေါ်ပြခဲ့ပါတယ်။ ကျနော် အနှစ်သက်ဆုံး ကဗျာတပုဒ်ပါပဲ။ )
ဒေ၀ီရေ
ReplyDeleteရွှေပြည်တော်ကို မျှော်ရ
အနာဂတ်ကို မော်ရ
“ ဒိုရာသန်းအေး ”
လှေကလေးကို အတွေးထဲမှာလှော်ရ
တစ ... တစ။
ဆရာငြိမ်း... လာလည်ပါတယ်။ ခုတော့ ဘလောဂ့်တကယ် လုပ်ဖြစ်ပြီပေါ့။ လိုတာရှိရင် ပြောပါဆရာ။
http://nyein-chan-aung.blogspot.com/
အပေါ်ကဟာက ကျနော့်ဘလာ့ဂ်ပါ။ လာခဲ့ပါအုံး။ ကျနော် ကဗျာတွေ တော်တော်ပြန်ရေးဖြစ်နေတယ်။ ဘလော့ဂ်မှာပဲတင်တယ်။ နောက်ပိုင်း စာအုပ်တစ်အုပ်လောက် ထုတ်မလား စဉ်းစားတယ်။ ဆရာ လာပြီး ဝေဖန်ပေးပါအုံး။
ကိုထွတ်
နားစွန်နားဖျားကြားပြီး လာလည်ပါတယ်။ ဒီကဗျာကို ကြိုက်တယ်။ နောက်လည်း ပို့စ်များများ တင်နိုင်ပါစေ။
ReplyDeleteတွေ့ရာမှီရာကနေအရောက်လာခဲ့တာဗျ.
ReplyDeleteကိုငြိမ်းဝေရဲ့ကဗျာတွေကိုတန်ဘိုးထားမိခဲ့သူတယောက်
ပါ..
လေးစားစွာဖြင့်
ဆောင်းယွန်းလ
ဦး ငြိမ်းဝေ...
ReplyDeleteဘလော့လုပ်တာတောင် မသိလိုက်ပါလား..
ဒီဘလော့လိပ်စာမြင်တော့ ဦးထင်တယ်လို့တော့ ပြောမိသေးတယ်။ ခုမှ ရောက်လာတယ်...
ကောင်းတယ် ....
ကဗျာလေး ခံစားသွားတယ်ဗျာ။
ReplyDelete