January 12, 2008

လရောင်ကို ကောက်သင်းကောက်ခြင်း

(က)
ကိုဗဟိန်းက
ဂျပန်တော်လှန်ရေးကာလ
ခင်မကြီးဆီ စာရေးတဲ့အခါ
ရိုးမဟာ
လရောင်ပြိုးပြက် ရွှန်းလက်လို့ နေခဲ့။

“ ဆမ်းမားဆက်မွန် ” က
“ လမင်းနဲ့ ခြူးပြား ”
ရေးသားတဲ့ဝတ္ထု
ပန်းပုကဗျာ။

“ ဦးလေးဟို ” က
နယ်စပ်တနေရာ
ထောင်တွင်းကပေးစာ ကဗျာ
လရောင်မှာရေးခဲ့။

အင်းစိန်ထောင်ထဲက
ဆိတ်ဖလူးရနံ့ ထုံယစ်
လရောင်ကို သူချစ်သတဲ့
ဖန်စမှန်စ
စိန်စမြစ တသ
ကဗျာဆရာတဦး
ခံစားမှုစိတ်ကူး ဖူးတွေ့ သွားခဲ့။

ကမ္ဘာလောကရဲ့ 
ဝီရကဗျာ
မွှေးရီပွင့်နီ ဝေဒနာ
လရောင်ထုခွဲ
“ ထွီးပါးဝီးကျိုး ”ပေါ်ကြဲလိုက်လိုက်။

ခင်ဗျားတို့ ဟာ
“ စောထ ” မှာ
လရောင်ကို လက်ချိုးရေခဲ့ကြ။

ခင်ဗျားတို့ ဟာ
“ အာယုတောင် ” တိုက်ပွဲည
လရောင်ကိုဖျာခင်း
သီချင်းဆိုနိုင်ခဲ့ကြ။

ခင်ဗျားတို့ ဟာ
နတ်တော်လရဲ့ ညတည
လရောင်ဘဏ္ဍာတိုက်
သိုက်တူးဖို့ ကြိုးစားခဲ့ကြ။

ခင်ဗျားတို့ ဟာ
“ ထွီးပါးဝီးကျိုး ” ရဲ့  ပုခုံးပေါ်
ဗုံးဆံအမြောက်ဆံတွေကြား
တိုရေရှားရေ ညတည
လရောင်ကို ရေချိုးနိုင်ခဲ့ကြ။

အိပ်ယါဝင် စောတဲ့ငါ
အိပ်ယါထ နောက်ကျတဲ့ငါ
ကဗျာတပုဒ်နဲ့  ကြိုးတုတ်ခံထားရတဲ့ငါ
လရောင်ဝေစု တခုမှမရခဲ့။

(ခ)
တော်လှန်ရေး သန္တိသုခ
ငြိမ်းချမ်းစွဘဝ
လရောင်တခု ဝေစုတဖဲ့
( ငါ့အတွက် )
ချန်ရစ်ခဲ့ဦး ရဲဘော်တို့ ။ ။

( ဒီကဗျာလေးဟာ ကျနော် တော်လှန်ရေးနယ်မြေရဲ့  မြို့ တော် “ မာနယ်ပလော ” ကို ရောက်ရှိပြီး ပထမဆုံး ရေးဖြစ်ခဲ့တဲ့ ကဗျာပါ။၁၉၉၃-ခု မှာထုတ်ဝေတဲ့ “ ဒေါင်းအိုးဝေ ” စာစောင်မှာ ဖေါ်ပြခဲ့ပါတယ်။ ကျနော် အနှစ်သက်ဆုံး ကဗျာတပုဒ်ပါပဲ။ )

5 comments:

  1. ဒေ၀ီရေ
    ရွှေပြည်တော်ကို မျှော်ရ
    အနာဂတ်ကို မော်ရ
    “ ဒိုရာသန်းအေး ”
    လှေကလေးကို အတွေးထဲမှာလှော်ရ
    တစ ... တစ။

    ဆရာငြိမ်း... လာလည်ပါတယ်။ ခုတော့ ဘလောဂ့်တကယ် လုပ်ဖြစ်ပြီပေါ့။ လိုတာရှိရင် ပြောပါဆရာ။

    http://nyein-chan-aung.blogspot.com/

    အပေါ်ကဟာက ကျနော့်ဘလာ့ဂ်ပါ။ လာခဲ့ပါအုံး။ ကျနော် ကဗျာတွေ တော်တော်ပြန်ရေးဖြစ်နေတယ်။ ဘလော့ဂ်မှာပဲတင်တယ်။ နောက်ပိုင်း စာအုပ်တစ်အုပ်လောက် ထုတ်မလား စဉ်းစားတယ်။ ဆရာ လာပြီး ဝေဖန်ပေးပါအုံး။

    ကိုထွတ်

    ReplyDelete
  2. နားစွန်နားဖျားကြားပြီး လာလည်ပါတယ်။ ဒီကဗျာကို ကြိုက်တယ်။ နောက်လည်း ပို့စ်များများ တင်နိုင်ပါစေ။

    ReplyDelete
  3. တွေ့ရာမှီရာကနေအရောက်လာခဲ့တာဗျ.
    ကိုငြိမ်းဝေရဲ့ကဗျာတွေကိုတန်ဘိုးထားမိခဲ့သူတယောက်
    ပါ..
    လေးစားစွာဖြင့်
    ဆောင်းယွန်းလ

    ReplyDelete
  4. ဦး ငြိမ်းဝေ...
    ဘလော့လုပ်တာတောင် မသိလိုက်ပါလား..
    ဒီဘလော့လိပ်စာမြင်တော့ ဦးထင်တယ်လို့တော့ ပြောမိသေးတယ်။ ခုမှ ရောက်လာတယ်...
    ကောင်းတယ် ....

    ReplyDelete
  5. ကဗျာလေး ခံစားသွားတယ်ဗျာ။

    ReplyDelete