January 18, 2008

ဘောနော်လေးရဲ့ မူးယစ်ဝေသော စိမ်းလန်းရေးဆည်းဆာများ


(၁)
နံနက်ခင်း
ပြတင်းကို ဖွင့်ရင်
တောင်ကို မြင်ရမယ်။

တောင်ထိပ်မှာ
ဂန္တ၀င်ဆန်တဲ့ မြူခိုးတွေ
တနွဲ့နွဲ့ခွေရစ် “ရိုမန်းတစ်” ကဗျာ။

ကြားရဦးမယ်
မယ်တုက္ခီချောင်းထဲက ရေကျသံ
ရဟန်းပျို သမဂ္ဂကုန်းတော်ပေါ်က ကြေးစည်သံ
နံနက်ခင်း
ထမင်းစားရုံဖက်က ၀ါးခေါက်သံ
တော်လှန်ရေး ရေကင်းသံ
ကာရံစည်းချက် ချစ်မက်ဖွယ်ရာ။

ဒီမှာ
ပင်လုံးညွှတ်ပွင့်တဲ့ ပန်းတပင်
မြင်ရခြင်းမျိုး
နေရကျိုး သေရကျိုးနပ်စွာ
ငါ့ကို သူတို့စွန့်ခွါသွားခဲ့ကြ။

ဒီမှာ
ငါတို့ ရုံးရှေ့က
“ဒေါ်အောင်ဆန်းစုကြည် လမ်းကလေး”
လေနုအေးက နော့ဆဲကို။

ဒီမှာ
“အဖြူထဲမှာ အဖြူကိုရှာရ
အနက်ထဲမှာ အနက်ကိုရှာရ”
တခါတရံ ကိုယ့်ကိုယ်ကို ရှာရ
မကြာခဏလဲကျ ပြန်ထ။

ဒီမှာ
ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့
ရာဇ၀င်စံနှုန်း
လက်သစ်တောင်တာ
ယူဇနာဆုံးစေတော့
ယူကြုံးမရ နာကျည်းလက်ခံ
ဖါးစည်သံဟိန်း။

ဒီမှာ
ငါဟာ ကဗျာဆရာတဦးပါ
ခေါင်းရွက်ဗျတ်ထိုး ဈေးသည်မရဲ့ချစ်သူပါ
အနာဂတံဝါဒီ အိပ်မက်ကုန်စည်ကူးသူပါ
“မောင်သော်က”ရဲ့
မီးခြစ်တဆံနဲ့ အလံတခုထောင်ခဲ့သူပါ။

(၂)
ဘောနော်လေးရဲ့ ဆည်းဆာအတွက်
အိုမာခရမ်ရဲ့
နှင်းဆီတထောင် ယူဆောင်လာတဲ့ နံနက်ခင်း
ငါ ငြင်းဆန်လိုက်ပြီ မဒေ၀ီ။ ။

(ကရင်အမျိုးသမီး အစည်းအရုံး မဂ္ဂဇင်းမှ၊ ၁၉၉၂-အောက်တိုဘာလ )

3 comments:

  1. အမြဲ လာဖတ်နေပါတယ်

    ReplyDelete
  2. ဒီနေရာကိုအမြဲတမ်းလွမ်းမိပါတယ်။ဒီနေရာဟာငါတို့ရဲ
    ဘူမိနတ်သံနေရာဖြစ်ခဲ့တယ်။ငှက်ဖျားနှင့်ကစားခဲ့ကြတယ်။
    ထင်းအတူခွေ၊ထမင်းအတူစားခဲ့ကြတယ်။အမြဲတမ်းမှတ်မိ
    နေပါတယ်၊ဒီနေရာမှာဘဲဇာတ်တူသားစားဖို့လုပ်ကြံခဲကြတယ်။
    ငါတို့တွေးရဲမဟုတ်ရင်မခံဘူးဆိုတဲ့စိတ်ဓါတ်ကိုပြခဲ့ကြတဲ့
    နေရာပေါ့။တကယ့်လွမ်းစရာပါ။

    ReplyDelete
  3. ကိုငြိမ်းဝေ-
    ဒီဓါတ်ပုံကိုမြင်တော့အဲဒီအချိန်ကဗဟိုရုံးတာဝန်ခံဘိုဖြူရဲ့
    စီမံခန့်ခွဲမှုတခုကိုပြန်သတိယမိစေတယ်၊(ဘိုဖြူဆိုတာ
    ကျနော်တို့အားလုံးကနာမည်ဝှတ်နဲခေါ်တဲ့ဦးလေးပါ)
    ၁၉၉၂ မာနယ်ပလော၊ခွေးအိပ်တောင်တိုက်ပွဲဖြစ်တော့
    ကျနော်တို့အဖွဲဝင်တွေအားလုံးလည်တိုက်ပွဲဖြစ်တဲ့ရှေ့တမ်း
    ကိုသွားပြီးရိတ်ခါပိုကြတာပေါ့။ကျနော်တို့အဖွဲတွေလိုဘဲ
    အခြားအဖွဲတွေကလည်းလာကြရိတ်ခါသယ်ကြပေါ့။အားလုံး
    တက်ညီလက်ညီပါဘဲ။သံလွင်မြစ်ကမ်းကနေဆန်၊ရိတ်ခါ
    ခြောက်တွေးကိုသယ်ပြီးရှေ့တန်းကရဲဘော်တွေဆီထမ်းပို့
ို့ပေးရတယ်။အဲဒီအချိန်သံလွင်ကမ်းပါကနေပြီးကျနော်တို့
    ရုံးတာဝန်ခံဘိုဖြူကစီမံအုပ်ချုပ်တယ်ပေါ့။အဲဒီအချိန်မှာဘဲ
    လူဘောင်သစ်ကရဲဘော်နှစ်ယောက်ကလည်းအများနည်း
    တူဝိုင်းကူဖို့လာကြတာပေါ့။(အဲဒီအချိန်ကလူဘောင်သစ်
    ကစထူးထောင်ကာစဆိုတော့အဖွဲဝင်များများမရှိသေးဘူး)
    အဲဒါကိုဘိုဖြူကလူဘောင်သစ်ရဲဘော်နှစ်ယောက်ကို
    သေလိမ့်မယ်မသွားဖိုတာပြီးပြန်ပို့လိုက်တယ်။ကျနော်
    တိုအဖွဲဝင်တွေကြတော့သွားကြသေကြဆိုတဲ့သဘော
    ဖြစ်သွားတယ်။ဘိုဖြူကိုစိတ်ဆိုးဒေါသဖြစ်ခဲကြရပါတယ်။
    ဒါပေမဲကျေးဇူးတော့တင်ခဲ့ပါတယ်၊သူသေကြဆိုပြီးပို့ခဲ့
    လိုသာကျနော်တို့တွေအတွေ့အကြုံတွေရခဲ့ကြတာဖြစ်
    ပါတယ်။
    ပြန်ပြောင်သတိယမိတာလေးရေးမိတာပါ။

    ReplyDelete