December 02, 2011

ငြိမ်းဝေရဲ့ မီလန်ခိုလီ ညများ


ဟိုတုန်းကပါ
ကြယ်ကြွေတဲ့အခါ
ပုန်းတယ် ရှောင်တယ်
မြေငလျင် လှုပ်တဲ့အခါ
လပ်ခုပ်တီးတယ်
တောမီး လောင်တဲ့အခါ
ထိုင်ပြီး ဦးညွတ်တယ်
ကမ္ဘာဦးလူသားရဲ့ မီလန်ခိုလီ နေ့များ။

အခုတော့


ဗာဏု ကဗလာ ကျောက်ဖြာ တင်းတဲ့အခါ
ဖုတ်သွင်းရထား စတင် မောင်းနှင်တဲ့အခါ
ဘုရားသခင်ဖန်ဆင်းတဲ့ ဘိတ်ဆုံးနဲ့ ထိပ်ဆုံး လူနှစ်ယောက်
လက်ဆွဲ နှုတ်ဆက်လိုက်ကြတဲ့ အခါ
နိဒါန်းနဲ့ နိဂုံး  တထပ်တည်း မြင်မိတဲ့အခါ
သမိုင်းတခုရဲ့ ခေါင်းနဲ့အမြီး ခွဲခြားပြီး မသိတဲ့အခါ
လမ်းကွဲနဲ့ လမ်းခွဲ မသဲမကွဲ ဖြစ်ရတဲ့အခါ
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တဲ့အခါ


ညက…
ငြိမ်းဝေတယောက် အိပ်မက် မက်တယ်
ငြိမ်းဝေက ငြိမ်းဝေရဲ့အသုဘကို လိုက်ပို့နေခဲ့တယ် ဆိုပဲ
မနက်မိုးလင်းတော့
မှန်ရှေ့မှာရပ် ပြုံးပြ ငိုပြ လှုပ်ပြ ထိုင်ပြ ထပြ
လက်သီး လက်မောင်း တန်းပြ
စမ်းသပ်မှု အားလုံး ရပ်တန့် ငြိမ်သက် အေးစက် မာတောင်း ဟောင်းအို
(မပေး ပေးပေး ပေးပေးပေး ငါ့ရွှေခွက်ပေး )
အို တကယ့်ကို လွမ်းလောက်ပါရဲ့
ငြိမ်းဝေရဲ့ မီလန်ခိုလီ ညများ။    ။

ငြိမ်းဝေ
၃၊ ၁၂၊ ၂၀၁၁
( မီလန်ခိုလီ = MELANCHOLY )
သရုပ်ဖေါ်ပုံက ဂူဂဲက ယူထားတာပါ။ဗာဏု ကဗလာမှာ ဗထက်ချိုက် နှစ်လုံးဆင့်ကို ရိုက်လို့ မရခဲ့ပါခင်ဗျား။

No comments:

Post a Comment