
နော်ဝေနိုင်ငံ၊ အော်စလိုမြို့က “မော်ဒန်အနုပညာပြတိုက်” တခုမှာ တွေ့ခဲ့ဖူးတဲ့ ရုပ်ထုတခုပါ။ အလျား ပေ (၄၀) ခန့်၊ အနံ ပေ (၃၀) ခန့်၊ အခန်းလွတ်တခုထဲမှာ လူတယောက်မှောက်ခုံအိပ်နေတဲ့ ရုပ်ထုပါ။ အခန်းကြမ်းပြင်ရဲ့ အလယ်ခေါင်မှာ အနားညီစတုဂံပုံသဏ္ဍာန် လက်တ၀ါးခန့်မြင့်တဲ့ ကြမ်းပြင်တခုရှိပြီး အဲဒီကြမ်းပြင်ပေါ်မှာပဲ ရုပ်ထုကို တင်ထားတာပါ။ လက်နှစ်ဖက်နဲ့ ဒူးနှစ်ဖက်က ကြမ်းပြင်နဲ့ ထောက်ထားလို့ ခန္ဓာကိုယ်ကတော့ ကြမ်းပြင်နဲ့ သုံးလက်မလောက် ကွာနေပါတယ်။ ကြောပြင်ပေါ်မှာ ဖြူပြာရောင်မီးချောင်းလေးတချောင်း ကကြီးပုံသဏ္ဍာန်တင်ပြီး ထွန်းထားပါတယ်။ ခြေထောက်နှစ်ဖက်ထိပ်က မီးကြိုးတချောင်းစီ ထွက်လာပြီး ခေါင်းရင်းဖက်က ကြမ်းပြင်ကို စိုက်ထားတဲ့ ကကြီးပုံသဏ္ဍာန် မီးချောင်းလေးဆီ သွယ်ထားပါတယ်။ အခန်းထဲမှာ တခြား ဘာတခုမှ ချိပ်ထားဆွဲထားတာ မရှိပါဘူး။ အခန်းကြီးတခုလုံး အဲဒီရုပ်ထုတခုပဲ ရှိပါတယ်။ ခြေရင်းဘက် ကြမ်းပြင်ပေါ်မှာတော့ သုံးမြှောက်တုံး သစ်သားတုံးလေးတတုံး ချထားပြီး ရုပ်ထုရဲ့အမည်ကို ရေးထားပါတယ်။ အခန်းထဲမှာ ကင်မရာကို မီးဖွင့်ပြီး မရိုက်ရဘူးလို့ တားမြစ်ထားတဲ့အတွက် ရှိတဲ့အလင်းရောင်နဲ့ပဲ ဓါတ်ပုံရိုက်ခဲ့ရပါတယ်။ ရုပ်ထုရဲ့အမည်က “The River” တဲ့။ မော်ဒန်အနုပညာ စိတ်ဝင်စားသူများအတွက် ခံစားမှု မျှဝေကြည့်လိုက်တာပါ။
ကိုယ်တိုင် သေချာမြင်ရရင် ပိုခံစားလို့ ရမယ်ထင်တယ် ခုတော့ မှောင်မှောင်မွှားမွှားထဲက စီးဆင်းသွားနေတဲ့ မြစ်ကို တစိတ်တပိုင်းပဲ မြင်ရတယ်
ReplyDeleteနီယွန်မီးချောင်းနဲ့ ကိုယ်စားပြုထားတဲ့ အပိုင်းလေးလောက်ပဲ ခံစားလို့ရတယ်
မျှဝေပေးတာ ကျေးဇူးပါ ကိုငြိမ်း
အော်.. ဒါကြောင့် ဆရာဦးငြိမ်းတယောက် နုပျိုနေတာကိုး :)
ReplyDeleteဆရာဦးငြိမ်း လက်ထောက်မှောက် လေ့ကျင့်ခန်းလုပ်နေပါသည် :P
ဆရာဦးငြိမ်းရေ ချစ်လို့စတာဗျ :)
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ
စတင်တဲ့နေ့ထဲကတွေ့ရတယ်ဗျ သေချာနားမလည်တော့ ကွန့်မန့်မပေးတတ်လို့
အခုမှ လာပေးတာ :)