September 07, 2009
အော်လ်တာနေးတစ် ငြိမ်းဝေ
မနက်မိုးလင်း
ကျနော် အိပ်ယာကနိုးတော့
ငြိမ်းဝေက မရှိတော့ဘူး။
ကျနော် ပြောတယ်
မင်း ဘယ်မှမသွားရဘူး
မင်း ဘာမှမလုပ်ရဘူး ပေါ့
ဒါ မအိပ်ခင်
သူ့ ကို ထိန်းချုပ် စက်ခလုပ်ကိုပြ
မှာထားတဲ့စကား။
ဒီကောင့်အကြောင်း
ကျနော် ကောင်းကောင်းသိတာပေါ့
ပထမ
လဘက်ရည်ဆိုင်
ဒုတိယ
ကြောင်နှစ်ကောင် စာအုပ်ဆိုင်
တတိယ
ပန်းချီဆရာမလေး စိန်စိန်လင်း
စတုတ္ထ
မာနယ်ပလော..။
ကျနော်
လဘက်ရည်ဆိုင်ရောက်တော့
ငြိမ်းဝေကို
“ ဂန်တာဂရပ်စ်” နဲ့ 
တစားပွဲထဲ ထိုင်နေတာ တွေ့ ရတော့တာပဲ
ထုံးစံအတိုင်း
ဒီကောင်က ဆောင့်ကြွားကြွား
ကျနော့်ကို
တခါမှမမြင်ဘူးသလို ကြည့်
ကျနော်
အားနာတယ်လေ
“ ဂန်တာဂရပ်စ် ” ဆိုတာ
ကမ္ဘာာကျော် ဂျာမာန်ကဗျာဆရာပဲ
ဒါနဲ့ 
စိတ်ကို လျော့
ဒေါသကို ထိန်း
လက်ထဲက ထိန်းချုပ်စက်ခလုပ်ကိုပြ
မင်း မြန်မြန်ပြန်လာခဲ့ပေါ့
လှည့်ပြန်မယ်အလုပ်
“ ဂန်တာဂရပ်စ် ”ကိုကြည့်တော့
“ ဂန်တာဂရပ်စ် ” က
သူ့ ရဲ့ ဆယ့်တချောင်းမြောက်
လက်ချောင်းကလေးနဲ့ စားပွဲကိုခေါက်နေတာ
တွေ့ ခဲ့ရတယ်။
အိမ်ပြန်ရောက်
တနာရီ နှစ်နာရီ
ငနဲက ပေါက်မလာသေးဘူး
ဒါနဲ့ 
စာအုပ်ဆိုင်ဆီ ချီရပြန်တာပေါ့
ဆိုင်ထဲမှာ
“ အောင်ချိမ့် ” “ဖေါ်ဝေး ”
ငြိမ်းဝေနဲ့  ဘာတွေ ဆွေးနွေးနေကြ
ဆိုင်ထဲအ၀င်
ငြိမ်းဝေက နေပြည်တော်မာနယ်ပလောဆိုလား
နားစွန်နားဖျား ကြားလိုက်ရ
ကျနော်
အားနာတယ်လေ
သူ့ ဘေးကလူတွေက မြန်မာကျော်ကဗျာဆရာတွေပဲ
ဒါနဲ့ ပဲ
စက်ခလုပ်ကိုပြ
မင်း မြန်မြန်ပြန်လာခဲ့ပေါ့
လှည့်ပြန်မယ်အလုပ်
ဆိုင်ထဲကိုကြည့်တော့
မျက်လုံးသုံးလုံးနဲ့  “အောင်ချိမ့် ”
နားသုံးဖက်နဲ့  “ဖေါ်ဝေး ”
ကျနော် တွေးလို့ မရခဲ့ဘူး။
အိမ်ပြန်ရောက်
တနာရီ နှစ်နာရီ
ဒီကောင် ပြန်မလာ
ဒါနဲ့ 
ပန်းချီဆရာမလေး “စိန်စိန်လင်း ” ဆီ
သွားရပြန်တာပေါ့
ဒီကောင်လေ ပီဘိ ကလေးတယောက်လို
ယိုကျိုးနေလိုက်တာ
ဆရာမလေးက အိပ်ဇစ်ဆိုလား လိပ်ဖြစ်ဆိုလား ဆာရီယယ်လစ်ဆိုလား
ပြောနေ ဟောနေ
ကျနော်
အားနာတယ်လေ
ဆရာမလေးဆီမှာ တခါတရံ
ကျနော်
ထမင်းဝင်စားခဲ့ဖူးတယ်မို့ လား
ဒါနဲ့ ပဲ
စက်ခလုပ်ကို ငနဲမြင်သာအောင် ထပ်ပြပြီး
အိမ်ပြန်မယ်အလုပ်
အိမ်ထဲကို သေသေချာချာကြည့်တော့
ပန်းချီဆရာမလေးက
လက်သုံးဖက်နဲ့  ပန်းချီဆွဲနေတာ တွေ့ ခဲ့
ကျနော်
နဝေတိမ်တောင် ဖြစ်ပြန်ရ။
အိမ်ပြန်ရောက်
တနာရီ နှစ်နာရီ
ဒီကောင် ရောက်မလာပြန်ဘူး
ဒါနဲ့ 
“ မာနယ်ပလော ” ဖက် ထွက်ခဲ့ရ
တွေ့ ပါတယ်
ဒီကောင် ပြေးမလွတ်ပါဘူး
ဒါပေမယ့်
သူ့ ဘေးမှာ ဘယ်သူတွေလဲ
“ ဦးဝင်းတင် ” များလား
“မောင်သော်က ” များလား
“ မောင်လေးအောင် ” များလား
ခေါင်းပေါင်းစ တလူလူနဲ့ 
လူတွေ
တွေ့ ပါပြီ
ငြိမ်းဝေလေ ငြိမ်းဝေ
အောင်မယ်လေး..
သူက ရုံးလုလင်ကုလားထိုင်မှာထိုင်
ပြီးတော့
ကဗျာဆရာဆိုတာ
စင်ပြိုင်အစိုးရဆိုလား
ဖင်ထိုင်အစိုးရဆိုလား
အော်လား ဟစ်လား
သူ့ ဘေးကလူတွေအားလုံး
ခေါင်းနှစ်လုံးကိုယ်စီ
ဘုရား ဘုရား
ဒီကောင်က ဒီလိုထိုင်
ဘာဆိုင်လို့ တုန်း
ဒါပေမယ့် ကျနော်
အိမ်ပြန်လာခဲ့
သူ့ ဘေးကလူတွေ ကျနော်အားနာ
သူ့ ကိုပဲ စက်ခလုပ်ကိုမြှောက်ပြ
ပြန်လာခဲ့ရ။
နေစေါင်းတော့
ခေါင်းငုံ့ ပြီ့း
အိမ်ပြန်လာတဲ့ ငြိမ်းဝေ
အိမ်အ၀င်ဝမှာ
ခြေထောက်သုံးချောင်းနဲ့ရပ်နေတာတွေ့ ရ
ဒါနဲ့ ပဲ
သူ့ ကိုထိန်းချုပ်
စက်ခလုပ်
ဝက်အူပြုပ်နေတာ ပြန်တပ်လိုက်ရတယ်။ ။
မှတ်ချက်။ ။( ၁ ) ဂျာမာန်ကဗျာဆရာ “ ဂန်တာဂရပ်စ် ” က “ဆယ့်တချောင်းမြောက် လက်ချောင်းကလေး ” ဆိုပြီး ကဗျာတပုဒ် ရေးခဲ့ဖူးပါတယ်။
(၂) “မာနယ်ပလော ” ဆိုတာ တချိန်က တော်လှန်ရေးဌါနချူပ် ဖြစ်ခဲ့တဲ့နေရာဖြစ်ပါတယ်။
ငြိမ်းဝေ
၇ ၊ ၉ ၊ ၂၀၀၉
Subscribe to:
Post Comments (Atom)
ဆရာ့ကဗျာက တယ်လန်းပါလားး)
ReplyDeleteကိုငြိမ်း... အကြာကြီးနေမှ ပြန်လာတာကိုး... မျက်မှန် ၃ လက်နဲ့ ဖတ်သွားတယ်ဗျ...
ReplyDeleteThis comment has been removed by the author.
ReplyDeleteဆရာ့ ကဗျာ အရမ်းကောင်းလွန်းလို့ သေသေချာချာ နှစ်ခေါက် ထပ်ဖတ်သွားပါတယ်။ တတိယ မျက်လုံးနဲ့ ဖတ်ပြီး ၃ခုမြောက်လက်နဲ့ မှတ်ချက် ရေးသွားပါတယ်။
ReplyDeleteကျမရဲ့ ထိန်းချုပ် စက်ခလုပ်ကတော့ ၀က်အူ ပျောက်နေတာ ကြာပါပြီ။
ကိုငြိမ်း... ငြိမ်းဝေနှစ်ယောက်နဲ့ ကဗျာနှစ်ပုဒ်ကို လာဖတ်သွားတယ်
ReplyDeleteလေးစားစွာဖြင့်
ခင်ဗျားလာမကြွားခင်ကတည်းက ဖတ်ပြီးသားပါ။ ကိုယ့်ဆရာ ဒီတခါဆန်းသစ်ပြီး တမျိုးလာတယ်လို့တော့ ထင်သား။
ReplyDeleteဆရာနဲ့ လိုက်လမ်းလျှောက်ထွက်တာ
ReplyDeleteနဝေတိမ်တောင်တွေ ဖြစ်လို့..း)
ကဗျာကဖတ်လို့ တကယ် ကောင်းပါတယ် ဆရာ