September 01, 2009

ငွေ ရွှေ ရတု

၁၉၇၀နဲ့ ၁၉၈၀..ဆယ်စုနှစ်တခုအတွင်းမှာ စကားပြေဘုရားဆိုပြီးထင်ရှားခဲ့တဲ့ စာရေးဆရာ
နိုင်ဝင်းဆွေ က၊၁၉၉၁(မာနယ်ပလော)မှာကလောင်သက် နှစ်ဆယ့်ငါးနှစ်မြောက်အထိမ်းအမှတ်အနေနဲ့  ကဗျာစာအုပ်လေးထုတ်ပါတယ်။လက်ရေးကျောက်ပုံနှိပ်ကဗျာစာအုပ်လေးပါ။်
ဒီစာအုပ်လေးမှာ မျက်နှာဖုံးပန်းချီကို (ကို)ဒေါင်းနီ ကဆွဲပြီး၊ကဗျာဆရာ တိုက်အောင် က လက်ရေးနဲ့ ရေးပေးခဲ့တယ်လို့ သိရပါတယ်။
ဒီတုန်းက မာနယ်ပလောကို ကျနော်မရောက်သေးပါဘူး။ဒါပေမယ့် ဒီစာအုပ်လေးကို ကျနော်သိမ်းထားခဲ့မိပါတယ်။ဆရာနိုင်က ကိုသီရိညွန့် အတွက် လက်မှတ်ထိုးပြီးပေးထားတာပါ။ဘယ်လိုလုပ်ပြီး ကျနော့်ဆီရောက်နေခဲ့တယ်ဆိုတာလည့်းမမှတ်မိတော့ပါဘူး။စာအုပ်မျက်နှာဖုံးပုံကို စကင်ဖတ်ပြီးတင်တာ တင်လို့ မရလို့ ကဗျာကိုပဲတင်လိုက်ရပါတယ်..။

ဆရာနိုင်ရဲ့ “ ငွေ ရွှေ ရတု ” ကဗျာကို တင်လိုက်ပါတယ်။







ငွေ ရွှေ ရတု

အရွယ်
ပြည့်ဝန်းတဲ့ နှစ်လေးဆယ်မှာ
တေးလေးတဖဲ့
အမှတ်တရနဲ့  ကျနော်
ရေးဖွဲ့ ခဲ့ဘူးရဲ့  ။

အဲသည်တုန်းက
ပီးတော့လဲ အမှတ်တမဲ့နဲ့ ဖဲ
ပျောက်လဲ ပျောက်ကွယ် သွားဦးမယ့်
အချစ်မီးလေးတခဲ
ရင်ထဲမှာ စွဲငြိဆဲလေæ

အချစ်ကိုချစ်
အလှကိုချစ်
အနုပညာကို ချစ်သူရဲ ။့

“ အမြဲတမ်းမြူနှင်းတွေ
မှိုင်းပြဝေနေတဲ့ ကာဝိုင်းတောင်မကြီးထိပ်က
ဝ ” ဒိုင်နယ်ရုံးကလေး ရှေ့ မှာ
က ” မြူး ခုန်ပေါက်နေတဲ့
အမွေးဖွား ခွေးကလေးနဲ့
ဆော့ကစားနေတဲ့ ကျနော်လေæ ”

“ အနုပညာကိုချစ်
ယုံကြည်ချက်ကိုချစ်
သစ္စာတရားကိုချစ်
လောကကို ငါချစ်တယ်
အချစ်ကြောင့်ဖဲ ကွန်မြူနှစ်လဲ ဖြစ်လာတယ်” ။

အဲသည် တေးလေးတဖဲ့
ကျနော် ရေးဖွဲ့ ခဲ့ဖူးရဲ့ ။
၁၉၈၆
ကလောင်နှစ် နှစ်နှစ်ဆယ်
ပထမအရွယ်နေ့ 
ကျနော့် ရွှံ့ အိမ်ဖြူလေးရဲ့  နံရံထက်မှာ
ကျနော်က
ဟင့်အင်းæ ညီအကိုတို့ 
“ အာဏာ
ငွေ
ကျော်ဇောခြင်းနှင့်
ရောင်းဝယ်ခြင်း မပြုမှသာ
“ အနုပညာရဲ့  တြိသီလတရား” လို့ 
ကျနော် ကိုယ်းကွယ်ထားတယ် ။

ဟုတ်တယ်æ ညီအကိုတို့ 
တဂိုးရဲ့ တရား တဂိုးရဲ့ စကား တဂိုးရဲ့ အနုပညာနှလုံးသား
ကျနော်ကိုယ်းကွယ်ထားတယ် ။

ဘင်္ဂလားပြည်ရဲ့  ခေါင်းဆောင်သစ်
ငါမဖြစ်ချင်ဘူးတဲ့။

ဟုတ်တယ်æ ညီအကိုတို့ 
တကယ်လို့  နောင်ဘ၀မှာ
လူပြန်လာဖြစ်ခဲ့ရင်လဲ
ကျနော် လဲလေæ
လုံမလေးတွေ ထောပတ်မွှေရာ
ဘရိန္တာ တောအုပ်ထဲက
သော်ကပင်ရိပ် အောက်မှာ
ပုလွေကြူအေး
လောကအတွက်တေး
သီကုံးပေးနေတဲ့
နွားကျောင်းသားလေးဖဲ ဖြစ်ချင်တယ် ။

မနှစ်ကတော့
ဖလံတောင်ဝှေးများ ဖြစ်ထွန်းရာ တိုင်းပြည်မှာ
မာနယ်ပလောရဲ့  သောင်းရင်း မြစ်ကမ်းမှာ
နွားကျောင်းသားလေးများ ဖွားသန့် စင်ရာ
စာသဘင်တေးကို သီကျွေးတဲ့အခါ
တေးလေးတပိုဒ်
ကျနော် ရေးလိုက်ဖူးရဲ့  ။

သဲကန္တာရ မုန်တိုင်းထဲမှာ
နိုင်ငံရေးသမားအိုဟာ
တောင်ဝှေးကိုထောက်ကိုင်လို့ 
ဖယိုဖရဲ အပြိုပြို အကွဲကွဲ လူအုပ်ကြီးကို

{ တချို့ က နောက်ပြန်ပြေးနေရဲ့ 
တချို့ က လူးလှိမ့် ငိုကျွေးရင်း မြေပြင်ပေါ်မှာ
တချို့ က ခိုလို ညည်းတွားလို့ 
တချို့ က မျက်စိစုံ မှိတ်ရင်း
အားတင်း သီချင်းအော်ဟစ်လို့ 
တချို့ က ဒေါသ ပေါက်ကွဲနေ
တချို့ က တချို့ ကို အတင်းဆွဲထူ
တချို့ က တချို့ ကို အားပေး
ကိုယ့်ကို ကိုယ်လဲ အားပေးလို့ 
တည်ငြိမ်ရင့်ကျက်တဲ့သူရဲကောင်းတွေလည်း များစွာပါရဲ့  ။ }

သူတို့ ကို တဖြေးဖြေး စောင့်ခေါ်ရင်း
အဖိုးအိုဟာ မောပန်း နွမ်းလျ နေလေရဲ့ 
မုန်တိုင်းထဲမှာæ

အဲသည် အခိုက် မှာ
ဓါးဝင့်လိုက်တဲ့ တကိုယ်တော်သမားဟာ
သူ့ မြင်းကို ဇက်ကုန်လွှတ် ကစုန်စိုင်းလို့ 
လူတွေ မမြင်တွေ့  နိုင်သေးတဲ့
ဟိုးအဝေးက အနာဂတ်ဆီ
ဖြတ်ချီသွားလေရဲ့ æ
ရှေ့ ဆုံးများရဲ့  ရှေ့ ဆုံးကလူ
သူ အနုပညာသမား ပေါ့ ။

အနုပညာ ဘုံမှာ
သေခြင်းကင်းစွာ ဇရာမရှိ
ထာဝရနုပျို
စိမ်းစိုနေတဲ့ အလှနဲ့ သစ္စာ
ပရမတÎ အချစ် နဲ့ ရွှန်းသစ်မှု æ
အော် æ
ကျနော်ရဲ့ အနုပညာတောင်မှ ငွေရတုမြောက်ခဲ့ရပါပေါ့။

သည်နေ့ မှာ æ
“ သန်းဆွေ ၊ ခင်နှင်းယု
မင်းသုဝဏ် ၊ မင်းဏီ
မမလေး (ဂျာနယ်ကျော်)
ကျနော့်ရဲ့  တေးသမားဘ၀ကို
မွေးဖွား သန့် စင် ပေးခဲ့သူ
ဆရာအဆူဆူ နဲ့ ဟဲမင်းဝေး အား
နှလုံးသားမှ မြတ်နိုး
ရိုကျိုး မာန်လျှော့
ကျနော် ကန်တော့၏ ။

အော် æ
ကျနော်တောင်မှဖဲလေ
ရတု မြစ်ရဲ့  ပျိုမြစ်စိမ်းလန်းမှု
ငွေသားထု ပြင်ကျယ်ထက်မှာ
{ဘယ်လောက်များ လှပ တောက်ပ နေလိုက်ပါသလဲ? }
အရွယ်ရဲ့  ငြိမ်သက်မြဲမြံမှု
ရွှေနေခြည်များ ဆွတ်ဖျန်းထားလိုက်ပေါ့ ။ ။

နိုင်ဝင်းဆွေ

6 comments:

  1. ဆရာနိုင်ဝင်းဆွေ ရေးတဲ့ကဗျာတွေ မဖတ်ဖူး ဘူး ဆရာ
    ကျမ ဗဟုသုတ နည်းတာ ထင်ပါရဲ့
    ဒီကဗျာလေး ပြန်လည်ဖေါ်ပြပေးတာ ကျေးဇူး ပါ

    ဒါနဲ့ ကိုသီရိညွန့်ဆိုတာ ဟိုတုန်းက အခွေ ထုတ်ခဲ့ဖူးသေးတဲ့ တယောက်လား မသိဘူးနော်
    မဂ္ဂဇင်းစာမျက်နှာတချို့ပေါ် မှာ ဖတ်ဖူးတယ် လို့ မှတ်မိနေတယ်
    ပေဖူးလွှာ လား မဟေသီ အစောပိုင်း ထုတ်တွေမှာလားတော့ မသိဘူး

    ReplyDelete
  2. ကိုငြိမ်း ခင်ဗျာကျေးဇူးအရမ်းတင်ပါတယ်။ ကဗျာကတအားကောင်းတော့ အထပ်ထပ်ပြန်မိရဲ့၊ ဘဝတပါးပြောင်းသွားတဲ့ ဦးနိုင်၊ ပြီတော့အဲ့ဒီကာလရဲ့ ရုပ်ပုံတွေ ပြန်တွေးမိတယ်။ အကြိုက်ဆုံးထဲက အနှစ်သက်ဆုံး ပြောပါဆိုရင် ဒါလေးကိုတော့ ကုတ်လုပ်ချင်မိ။
    ”ဘရိန္တာ တောအုပ်ထဲက
    သော်ကပင်ရိပ် အောက်မှာ
    ပုလွေကြူအေး
    လောကအတွက်တေး
    သီကုံးပေးနေတဲ့
    နွားကျောင်းသားလေးဖဲ ဖြစ်ချင်တယ် ။”
    တဆက်တည်း ဒီကဗျာလေးသိမ်းလားခွင့်ပြုပါ၊

    (လေးစားစွာဖြင့်)
    ကျော်နိုင်

    ReplyDelete
  3. ကျနော် မယ်နာပလောရောက်တော့ ဖတ်ရတဲ့ ပထမဆုံး ကဗျာပေါ့... ခုထိ မှတ်မိနေသေးတယ်... တကယ်တော့ အဲကဗျာက လက်နဲ့ရေးပြီး လက်နဲ့ထုတ်တာဖြစ်သလို လက်နဲ့ပဲ အချင်းချင်း လက်ဆင့်ကမ်း ဖတ်ခဲ့ရတာကိုး ကိုငြိမ်းရဲ့... အလွမ်းပြေ ပြန်ဖတ်ရတာကျေးဇူးပါ...

    ReplyDelete
  4. မမသီရိ...အစ်မပြောတဲ့သူဟုတ်တယ်။ (လောင်းရိပ်အောက်မှာ) ဆိုတဲ့ လုံးချင်းတအုပ်လည်းရေးခဲ့သေးတယ်။ salweenriverband.com ကိုသွားကြည့်လေ..အဲဒီ band မှာ drum တီးတယ် သီချင်းဆိုတယ်..အဲဒါ ကိုသီရိ။ ရဲဘော်တွေကို တော်တော် ကိုယ်ချင်းစာနားလည်တတ်တဲ့ ခေါင်းဆောင်တဦးပါ။

    ReplyDelete
  5. ဒေါ်သီရိခင်ဗျား..

    ่thu i san ပြောတာမှန်ပါတယ်ခင်ဗျား..

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete