September 10, 2009
ကျနော့် ဖြတ်စညှပ်စ လရောင်များ
“ ဆစ်ပ်ဗီယာ ပလပ် ↔ က
“ လ ↔ကို “ ဥသေ ↔ လို့ စွပ်စွဲသွားခဲ့တယ်။
ဒါကြောင့်မို့ ထင်ပ
မီးဖိုချောင်ထဲ ဓါတ်ငွေ့ ပိုက်ရှူပြီးသေဆုံးတဲ့အခါ
လရောင်တွေရဲ့ ရယ်သံ
တလောကလုံး ဆူညံသွားဆိုပဲ။
တခါတုန်းက
ငါလည်းပဲ
လရောင်ကို ကောက်သင်းကောက်
လရောင်ကို လက်ချိုးရေ
တိုရေရှားရေ လရောင်မွဲ
တယောက်ထဲ တဖွဲ့ ဖွဲ့ ငိုခဲ့ဖူးတယ်။
လရောင်ဓါးချက်နဲ့ 
သွေးစက်စက်ကျ ဒီလိုအလှ
ငါချစ်လို့  မ၀ခဲ့ဘူး။
သေတဲ့အထိ
လရောင်ကို ရူးသွပ်ခဲ့သူ
“ လော်ရကာ ↔ ကတော့
“ငါသေရင် လသာဆောင်ကို ဖွင့်ထားပါလေ ↔ တဲ့။
“ ကိုယ့်ကိုကိုယ် သတ်သေခြင်းဟာ
လွတ်လပ်တဲ့ဆန္ဒ↔ တဲ့လား
ဒါဆိုရင်
ငါသေတဲ့အခါ
ဒီကမ္ဘာာလောကရဲ့ လရောင်ဟူသမျှ
အကုန်သတ်ပြီး
ငါနဲ့ အတူ နိဂုံးချုပ်လိုက်ကြ။
လရောင်ကို
ဘ၀ထက် မက်မေါခဲ့သူ
“ ပိုင်ချူယီ ↔ ကတော့
မြစ်ဝါမြစ်ထဲ ရဲရဲပဲ ခုန်ဆင်းလိုက်တယ်။
အို..ရှင်သေမင်း
လရောင်တွေသာ သယ်လာခဲ့
ငါကတော့ အဆင်သင့်ပဲ။ ။
ငြိမ်းဝေ
၁၁ ၊ ၉ ၊ ၂၀၀၉
Subscribe to:
Post Comments (Atom)
ကျနော်ကတော့ လမင်းကြီးမှောက်ကျသွားလို့... ကိုငြိမ်းရေ့...
ReplyDeleteအဲသလောက်ထိ တပ်မက်နေတာ လား ဆရာရေ
ReplyDeleteလရောင်တွေထဲက အားတွေ ရဖူးတယ်
လ မျက်နှာထဲမှာ ကဗျာတွေ တွေ့ဖူးတယ်
လ မျက်ဝန်းထဲ အလွမ်းတွေ သဲဖူးတယ်
လရောင်အောက် မှာ ကယောင်ချောက်ချား ဖြစ်လို့
လ ၀န်း သံစဉ်တွေ အမျှင်မပြတ် ရစ်ပတ်ခံ ရပေမဲ့
အဲဒီ တိမ်းမူးစေတဲ့လရောင်ကိုပဲ မက်မော နေဆဲပါပဲ
အကို...
ReplyDeleteဒီလိုနဲ့ လရောင်က သတ္တ၀ါတွေကို ဖမ်းစားခဲ့တာ ကြာပေါ့..။ ဆန်ူလှတဲ့ သဘာဝရဲ့ မှော်...။အဲဒီ မှော်ထဲ ကျမလည်း ခုထိ မျောပါဆဲ..။