September 14, 2009

ထရံပေါ်က တုတ်တချောင်း


ငါ့ကဗျာထဲမှာ
ကြိယာ ဟူသမျှ
ကတ္တား ရဲ့ရှေ့ မှာ ထားလိုက်တယ်။

ငါ့ကဗျာထဲမှာ
နာမ် ဟူသမျှ
ဝိဘတ် ရဲ့နောက်မှာ ထားကြည့်တယ်။

ငါ့ကဗျာထဲမှာ
ဝိဘတ် ဟူသမျှ
ပစ္စည်း ရဲ့ရှေ့ မှာ ထားမိတယ်။

ငါ့ကဗျာထဲမှာ
ပစ္စည်း ဟူသမျှ
နာမ် ရဲ့ရှေ့ မှာ ထားချင်တယ်။

ငါ့ကဗျာထဲမှာ
ကံ ဟူသမျှ
ပုဒ်ဆက် ရဲ့နောက်မှာ ထားခဲ့တယ်။

ငါ...
ဘ၀ကိုကျတော့
စံမသွေတဲ့ ၀ါကျတကြောင်း
တုတ်တချောင်းလို ထရံမှာထိုး
ပုတ်သိုးခဲ့တာ ကြာခဲ့ပေါ့။ ။

( သမ်ဗန်ဓ ကို ကျနော့် ကီးဘုတ်မှာ သတ်ပုံမှန်အောင်ရိုက်လို့ မရတဲ့အတွက် ပုဒ်ဆက် ဆိုပြီးရေးခဲ့ရပါတယ်။ )

ငြိမ်းဝေ
၁၄ ၊ ၉ ၊ ၂၀၀၉



2 comments:

  1. ကဗျာရေးရာမှာ လွတ်လပ်သလောက်…. ဘ၀မှာတော့ သံမဏိစည်းမျဉ်းတွေနဲ့ တင်းကြပ်နေလေသလား…..။

    ReplyDelete
  2. ဟင်းဟင်းဟင်းး
    မြန်မာစာဆရာမရှေ့ လုပ်ချင်တာလုပ်လို့ကတော့ အဲဒီ တုတ်ကောက်ခဲ့... :p

    ReplyDelete