September 15, 2009

အရူးပွဲတော်ကို ကယ်တင်ကြ


ကဗျာဆရာရဲ့ တိတ်ဆိတ်မှုမှာ
ချွင်းချက်မရှိအောင် ဆူညံနေတာ
ငါ သဘောတူတယ်။

ကဗျာဆရာရဲ့ စကားလုံးတွေထဲ
ဟင်းလင်းပြင်တခု တန်းစီနေတာ
ငါ သဘောတူတယ်။

ကဗျာဆရာက
သူကြိုက်တဲ့အတွေး မတွေ့ သေးလို့ 
အတွေး အငတ်ခံနေတာ
ငါ သဘောတူတယ်။

ကဗျာဆရာက
ဒေါသတခုရဲ့ နာကျင်မှုကိုပွတ်သပ်နေတာ
ငါ သဘောတူတယ်။

ကဗျာဆရာက
လျှာသုံးခွ ပန်ထားတာ
ငါ သဘောတူတယ်။

ကဗျာဆရာက
မစင်ပိုက်နဲ့ ပုလွေမှုတ်တာ
ငါ သဘောတူတယ်။

ကဗျာဆရာက
ပြောင်းပြန် ရှေ့ ကိုရွေ့ တာ
ငါ သဘောတူတယ်။

ကဗျာဆရာက
ဘေးတိုက် နောက်ကိုဆုပ်တာ
ငါ သဘောတူတယ်။

ကဗျာဆရာက
အရူးတွေ ဆေးရုံပေါ်က မဆင်းနိုင် အောင် ရူးတာ
ငါ သဘောတူတယ်။

ငါ သဘောမတူတာ
တခုပဲ ရှိတယ်
အဲဒါ
အရူးပွဲတော်ဖျက်သိမ်းခံရတဲ့သတင်းပဲ။ ။

ငြိမ်းဝေ
၁၅ ၊ ၉ ၊၂၀၀၉
(ကဗျာသရုပ်ဖေါ်ပုံကို ဂူဂဲမှရယူပါတယ်။)



အကျယ်ချဲ့ကြည့်ရန်စာများထားရန်နေရာ.

2 comments:

  1. သဘောတူပါတယ် ဆရာရေ့

    ReplyDelete
  2. ကဗျာဆရာ ငြိမ်းဝေကို ကျနော်တို့ ပြန်ရလိုက်ပြီ...
    သူ ပြန်လာနေပြီ... ကဗျာတောအုပ်ကြီးဆီ...

    ReplyDelete