September 08, 2009

ရေသေကျွန်း


ရေသေကျွန်း

ဒီကနေ့ လည်း
ငါ ငှက်ကြည့်ထွက်ခဲ့ရ
ကွင်းစပ်မှာ ရပ်နေမိပြန်
တဘ၀လုံး
ဘယ်တော့မှ ငါ့အနားကဖြတ်မပျံဘူးတဲ့
ငှက်တွေ
ငါ ငေးနေမိ။

“ ငှက်တကောင်ရဲ့ခြေရာနောက်
တကောက်ကောက် လိုက်ပါရင်း
ဘွားကနဲ
အထီးကျန် ကျွန်းကလေးတခုကိုတွေ့ ရတယ် ” ဆိုတဲ့
“ ဗရှိုး ↔ရဲ့ ရင်ခုန်သံ
ငါ မခံစားနိုင်ဘူး။

ငါက
ငှက်ကြည့်ရုံသက်သက်
ငှက်တွေနောက် စိတ်ကူးနဲ့ ရောက်ရုံသက်သက်။

ငါက
ငှက်တွေနောက်လိုက်ပြီး
အိမ်အပြန် လမ်းပျောက်တဲ့ငှက်တကောင်
မဖြစ်ချင်ဘူး
ငှက်တွေနောက်လိုက်ပြီး
ငှက်အုပ်နဲ့ကွဲ
တကောင်ထဲ ကျန်ရစ်တဲ့ငှက်တကောင်
မဖြစ်ချင်ဘူး
ကွင်းတွေရဲ့ ဟိုဖက်ထဲ
လေးသံမြှားသံ မစဲ
ငါ ဖြတ်ပြီးမပျံရဲဘူး။

ဒီလိုနဲ့ 
ငှက်ကြည့်သူအဖြစ်
နှစ်ပေါင်းများစွာ။

ငှက်တွေလေ
အခုအချိန်ထိ
ငါနဲ့ အဝေးဆုံးတနေရာ
အုပ်ဖွဲ့ ပြီး ပျံ
ကွင်းစပ်မှာ
ငါတယောက်ထဲ ရပ်ုကည့်နေဆဲ။ ။

( နှစ်ပေါင်းများစွာ ကဗျာနှင့်ကင်းကွာခဲ့ရတဲ့ နာကျည်းဖွယ်နေ့ ရက်များသို့ ...)

ငြိမ်းဝေ
၉ ၊ ၉ ၊၂၀၀၉




7 comments:

  1. ဆရာ ရေ
    ထပျံပါတော့

    စိတ်မဆိုးရင် တခုတော့ ပြောချင်ပါတယ်
    ကျမတော့ တယ်မထင်မိဘူး
    ဆရာ နှစ်ပေါင်းများစွာ ကဗျာနဲ့ ဝေးနေခဲ့တယ် လို့

    တကယ်တော့ ကဗျာတွေဟာ ကဗျာဆရာနဲ့ ဒါမှ မဟုတ်ရင်လဲ ကဗျာချစ်တတ်သူတွေနဲ့
    အနီးကပ်ဆုံးမှာ အမြဲ ထာဝရ ရှိနေတတ်တယ်လို့ ကျမတော့ ထင်မိပါတယ်
    ကိုယ်တိုင် သတိမပြုမိရင်သာ ရှိမယ်
    တင်းကြပ်လွန်း မွန်းကြပ် လွန်းလို့ မစီးဆင်းနိုင်ရင်သာ ရှိမယ်
    ကဗျာ ကတော့ ဆရာ့ ရင် ရဲ့ အနီး ကပ်ဆုံးမှာ ရှိနေခဲ့မှာပါ

    တခုတော့ ရှိတာပေါ့ လေ.
    တခြားသူတွေရဲ့ ရင်ထဲက ကဗျာတွေ နဲ့ ဝေးနေခဲ့ရတယ် ဆိုရင် တော့ မပြောတတ်ဖူးပေါ့ ဆရာ

    ReplyDelete
  2. ရော မမသီရိ ရဲ့ comment ကိုကြည့်လိုက်မှ ဆရာမှန်း သိတယ်။ ကဗျာက သိပ်ခံစားတတ်ဘူး။ ရေးတော့ ရေးတတ်တယ်။

    ReplyDelete
  3. အခုတော့ လှိုင်းတွေ ထလာပြီ မဟုတ်လား...
    ဒိုရာသန်းအေးရဲ့ လှေကလေးပါ လှော်လိုက်ပါဦး ကိုငြိမ်းရဲ့...း)

    ReplyDelete
  4. ငှက်ကြည့်သမားရဲ့ ပီတိကတမျိုးတဖုံပါလား။ တဆက်တည် ”ဗရှိုး ” အဓိပ္ပါယ်ကိုရှင်းပြစေချင်တယ်။

    လေးစားစွာဖြင့်
    ကျော်နိုင်

    ReplyDelete
  5. ရေသေကျွန်းလား
    ငှက်တွေကတော့ ရှင်နေဦးမှာ ဆရာ
    ငှက်တွေကို ငေးကြည့်ရုံပဲလား
    ရင်ဘတ်ထဲက ငှက်တကောင်ကို ကျွန်းကလေးက ပြန်ငေးလိမ့်။

    ReplyDelete
  6. ဘယ်လောက်ပဲ အုပ်ဖွဲ့ပျံပျံ .. ကောင်းကင်ဟာ ငှက်တို့ ခိုနားရာ အိမ်ဂေဟာ မဟုတ်။ ကျွန်းကလေးကသာ လုံခြုံနားနေရာ...။

    ReplyDelete
  7. ကောင်းကင်ကြီးကသာယာသလို့ ရေပြင်ကလေး အေးမြလှန်းဆန်းနေပါတယ် ပျံသန်းခွင့်ရပေမယ့် လတ်မြေက်ခွင့်ဆိုတာမသေချာဘူး ငှက်ကလေးရဲ့ဘ၀ လုံချုံမှုမရှိဘူး ဘယ်သူကယ်နိုင့်မှာလဲ

    ReplyDelete