September 10, 2009

မျှဝေခံစားခြင်း


ဂီတ

လမ်းဘေးမှာ အေးအေးဆေးဆေး အိပ်နေတဲ့ခွေး
ရုတ်တရက် ကားဖြတ်နင်းခံရ
ခြေထောက်နှစ်ချောင်း သွင်သွင်ကျိုး
နာလွန်းလို့  ခမျာမှာ
ဘယ်လို အော်ရမှန်းမသိ
သူ့ အသက်ရှူ ရေငင်ပုံးကလေး
ရေတွင်း နက်နက်ကြီးထဲ
ငင်ငင်နေတာ မြင်ရ..။

မောင်ချောနွယ်

(နော်ဝေ ပန်းချီဆရာ“ အက်ဗတ် မွန့် ခ်↔က “ အော်သံ “ ပန်းချီကားနဲ့ လူသားတွေရဲ့ အော်သံဟူသမျှကို စုစည်းပုံဖေါ်နိုင်ခဲ့သလို မြန်မာ ကဗျာဆရာ မောင်ချောနွယ်ကလည်း
ဒီကဗျာတပုဒ်ထဲနဲ့ လူသားအားလုံးရဲ့ နာကျင်ခံစားမှုဟူသမျှကို စုစည်းဖေါ်ပြနိုင်ခဲ့ပါတယ်။
)



1 comment:

  1. မောင်ချောနွယ် နှမျောတမ်းတ သတိရမိပါတယ်..

    ReplyDelete