September 12, 2009

်ဖန်ဆင်းခြင်း


တခါတလေ...နိုင်ငံတကာကဗျာတွေကို လိုက်ဖတ်တဲ့အခါ ဌါနေတိုင်းရင်းသားလူမျိုး
စုတွေ၊ လူမျိုးစုတွေရဲ့ကဗျာတွေ သီချင်းတွေဟာ စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။ သူတို့ 
ကဗျာတွေ သီချင်းတွေထဲက သူတို့ ရဲ့ရင်ခုန်သံကို အကြည်လင်ဆုံးကြားရတတ်ပါတယ်။
ဥပမာ...တလောလေးတုန်းက အာဖရိက ကဗျာတပုဒ်ကိုဖတ်တော့ အဲဒီကဗျာထဲမှာ မုဆိုးမ
တယောက်က အိပ်မက်ထဲမှာ သေသွားတဲ့လင်ယောက်ျားနဲ့ သဘာဝအရဆက်ဆံပြီးမှသာ
နောက်ထပ်အိမ်ထောင်ပြုလို့ ရတယ်လို့ တွေ့ ရပါတယ်။ ဒါကဘာကိုပြသလဲဆိုတော့ သေသွား
တဲ့လင်ယောက်ျားအပေါ် လွယ်လွယ်နဲ့ သစ္စာမဖေါက်နိုင်အောင် ရိုးရာယဉ်ကျေးမှုက သူ့ နည်း
သူ့ ဟန်နဲ့ ထိန်းထားတာလို့ ပဲယူဆမိပါတယ်။ ဒါကတော့ ကျနော့်ရဲ့ပုဂ္ဂလအမြင်ပါ။
ဒါကြောင့်မို့  ဒီကနေ့ တော့ အာဖရိက အနောက်ပိုင်းဒေသ ဖူလာနီလို့ ခေါ်တဲ့ လူမျိုးစု
နွယ်များရဲ့ “ ဖန်ဆင်းခြင်း ↔ ဆိုတဲ့ကဗျာတပုဒ် ကျနော်မိတ်ဆက်ပေးလိုက်ပါတယ်။ ကျနော်
တို့ ဆီက “ဂျာအေး ↔လို သီချင်းကဗျာတပုဒ်ဖြစ်နေတာ တွေ့ ကြရပါလိမ့်မယ်။


အင်မတန်ကြီးမားတဲ့ နို့ ရည်တစက်က အစပြုခဲ့တာပေါ့
အဲဒီနောက် ဒွန်ဒါရီ ရောက်ရှိလာပြီး ကျောက်တုံးတခုကို ဖန်ဆင်းခဲ့
ကျောက်တုံးကတဖန် သံမဏိကို ဖန်ဆင်းခဲ့
သံမဏိကတဖန် မီးကိုဖန်ဆင်းခဲ့
မီးကတဖန် ရေကိုဖန်ဆင်းခဲ့
ရေကတဖန် လေကိုဖန်ဆင်းခဲ့
အဲဒီနောက်တဖန် ဒွန်ဒါရီဟာ ဒုတိယအကြိမ်မြောက်မွေးဖွားလာခဲ့
ပြီးတော့သူဟာ မဟာဘုတ်ကြီး ငါခုကိုယူပြီး
လူသားအဖြစ်ပုံသွင်းခဲ့
ဒါပေမယ့် လူသားက ဘ၀င်မြင့်ခဲ့
အဲဒီနောက် ဒွန်ဒါရီဟာ အမြင်ကန်းမှုကိုဖန်ဆင်းခဲ့
အမြင်ကန်းမှုက လူသားကိုနှိမ်နင်းခဲ့
ဒါပေမယ့် အမြင်ကန်းမှုက ဘ၀င်မြင့်လာတဲ့အခါ
ဒွန်ဒါရီဟာ အိပ်စက်ခြင်းကို ဖန်ဆင်းခဲ့
အိပ်စက်ခြင်းက အမြင်ကန်းမှုကို နှိမ်နင်းခဲ့
ဒါပေမယ့် အိပ်စက်ခြင်းက ဘ၀င်မြင့်လာတဲ့အခါ
ဒွန်ဒါရီဟာ သောကဗျာပါဒကို ဖန်ဆင်းခဲ့
သောကဗျာပါဒက အိပ်စက်ခြင်းကို နှိမ်နင်းခဲ့
ဒါပေမယ့် သောကဗျာပါဒက ဘ၀င်မြင့်လာတဲ့အခါ
ဒွန်ဒါရီဟာ အနိစ္စကိုဖန်ဆင်းခဲ့
အနိစ္စက သောကဗျာပါဒကို နှိမ်နင်းခဲ့
ဒါပေမယ့် အနိစ္စက ဘ၀င်မြင့်လာတဲ့အခါ
ဒွန်ဒါရီဟာ တတိယအကြိမ်မြောက် ပေါက်ဖွားဆင်းသက်လာခဲ့ပြီး
နိစ္စဓူဝ လို့ ခေါ်တဲ့ ဂူရင်နို ဖြစ်လာခဲ့
ဂူရင်နို ဟာ အနိစ္စကို နှိမ်နင်းခဲ့လေတယ်...။ ။

(ဂူရင်နို ဆိုတာ ဘာလဲ။ ကျနော်မသိပါဘူး။ နားလည်တဲ့မိတ်ဆွေတချို့ မေးကြည့်တော့လည်း မသိကြပါဘူး။ ကျနော့် အထင်အရတော့ ဂူရင်နိုဆိုတာ ကမာလောကကြီးကိုဖန်ဆင်းတယ်ဆို
တဲ့ပုဂ္ဂိုလ်တဦးဦးရဲ့ ကိုယ်စားလှယ်ဖြစ်တယ်လို့ တော့ ယူဆရပါတယ်..)

...ဒီကဗျာကို နိုင်ဂျီးရီးယားကဗျာဆရာကြီး ၀ိုးလ်ဆိုရင်ကာ တည်းဖြတ်ထုတ်ဝေတဲ့ Poems of Black Africa မှာ ပါရှိတဲ့ The Fulani Creation Story ကဗျာကို ဘာသာပြန်ဆိုထားတာပါ။

ငြိမ်းဝေ
၁၃ ၊ ၉ ၊၂၀၀၉

2 comments:

  1. ဖတ်သွားပါတယ်ဆရာ
    တခါမှ မသိဖူးပါဘူး

    လူမျိုးစု ရိုးရာကဗျာတွေ၊ ကျေးလက်ကဗျာတွေကတော့ တနည်းမဟုတ်တနည်း သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ သဘာဝ ပတ်ဝန်းကျင် ကိုယ်စားပြုပြီးပေါက်ဖွားလာတာ အမှန်ပဲပေါ့ ဆရာ

    ဆရာ့အမြင်ကို သဘောတူလက်ခံပါတယ်

    ReplyDelete
  2. Dear sayar Nyein,

    I have read that Gueno is an African (Senegal) god of creation, and is eternal. According to African mythology, at the beginning of time, the sun was Gueno's eye. Then, when the creation was finished, Gueno removed it from its socket to produce the one-eyed monarch.

    Best wishes,

    Mg Mg Myint

    ReplyDelete