November 13, 2011

ခင်အောင်အေး ရေးတဲ့ကဗျာ



အဲဒီ..ဆယ်စုနှစ်များရဲ့ လားရာ

ဘယ်ကိုသွားမလဲ (မေးခွန်းတော့ တူတယ်) ဒါပေမယ့်..
“မောင်ရေခဲ” လို့ လျှာကျိုးနေသလို ဆက်မရွတ်မိဖို့တော့ လိုလိမ့်မယ်

တူနေတာတွေ တအားများပြီး
အရောရောအထွေးထွေး ခွဲလို့လဲ မရ

င့ါကို ဟိုလူနဲ့မှားပြီး အထင်ခံရ နည်းလား
ဒီလို အိုင်ဒီယော်လော်ဂျီမျိုးနဲ့ မောင်ပြည့်မင်းကဗျာထဲက လို
ပခုံးကြီးက စောင်းလို့

လေတင်မှာ နေပြီး လေညာဖက်လဲ လှမ်းခွထားတဲ့
မင့် ပညာသားမျိုးက အလုပ်တော့ အဖြစ်သား

ငါတို့ တုံးပုံ အ, ပုံကလဲ
ငယ်ငယ်ကလို စာအုပ်အဟောင်းတန်းမှာ ၅ိ/- ပုံထဲ
စိတ်ကြိုက်တစ်အုပ်လောက် ရွေးလို့မထွက်သလို

နှစ်တွေ အထပ်လိုက်အထူကြီးကြာသွားခဲ့လဲ
ရိပ်ဖမ်းသံဖမ်းကို မသိသေးဘူး။     

ခင်အောင်အေး
၁၃၊ နိုဝင်ဘာ၊ ၂၀၁၁ ဘန်ကောက် ၁၉း၂၇ နာရီ

No comments:

Post a Comment