November 22, 2011

ရှင်းလင်း မိတ်ဆက်ခြင်း


ချစ်ခင်ရတဲ့ မိတ်ဆွေများကို အသိပေးလိုပါတယ်။


ကျနော်ဟာ လွန်ခဲ့တဲ့ ၉ နှစ်ကျော်က ရေစီးသံ ဂျာနယ်မှာ ကျနော့်ရဲ့ ဥရောပ ခရီးသွားဆောင်းပါးတွေဖြစ်တဲ့ ` ဥရောပ မဲဇာ ´ ဆောင်းပါးတွေကို အခန်းဆက် ဖေါ်ပြခဲ့တာ ရှိပါတယ်။ အခု အဲဒီဆောင်းပါးတွေကို ကျနော့်ဘလော့မှာ အဆင်ပြေသလို အပိုင်းလိုက် တင်သွားဖို့ စဉ်းစားထားပါတယ်။ ဒီတရက် နှစ်ရက်အတွင်း စတင် တင်ဆက်နိုင်မယ်လို့လည်း ထင်ပါတယ်။ ဒီ ခရီးသွားဆောင်းပါးတွေထဲက တပိုင်း နှစ်ပိုင်းလောက်တော့ အစီစဉ်တကျမဟုတ်ပဲ ကျနော့်ဘလော့မှာ တင်ခဲ့တာတော့ ရှိပါတယ်။ အခုတော့ အစီစဉ်တကျ အပြည့်အစုံ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။
အားလုံးကို လေးစား ချစ်ခင်လျက်ဖြင့်

ငြိမ်းဝေ

No comments:

Post a Comment