November 18, 2011

ကမ္ဘောဒီးယား



တစ်နေ့မှာ
လူတစ်ယောက်က အပြုံးနဲ့ နှုတ်ဆက်လိုက်တဲ့အခါ
လူ နှစ်ယောက် ထွက်ခွါသွားရပေလိမ့်
လူ နှစ်ယောက် သေပွဲဝင်ကြရပေလိမ့်။

လူ တစ်ယောက်က
အကောင်းဆုံး အကြံညာဏ် ပေးလိုက်ပြီဆိုရင်လည်း
လူ သုံးယောက် တန်ရာတန်ကြေး ပေးလိုက်ရပေလိမ့်။

လူ တစ်ယောက်
ဝမ်းနည်း ကြေကွဲစွာ နေထိုင်ရပြီ ဆိုရင်လည်း
လူ လေးယောက် အကြွေးပတ်လည် ဝိုင်းနေပေလိမ့်။

လူ တစ်ယောက်
အကြမ်းဖက်မှုက ထပြီး အိပ်ယာဆီ ရောက်သွားပြီ ဆိုရင်လည်း
လူ ငါးယောက် သေပွဲဝင်ကြရပေလိမ့်။

လူ တစ်ယောက်က လူ ငါးယောက်အတွက်
လူ တစ်သန်းက လူ တစ်ယောက်အတွက်
သူတို့ သေဆုံး နေကြရဆဲ
စစ်ပွဲတွေ
ဆက်ပြီး ဖြစ်နေဆဲ…။     ။

စန်းဒေဝီဦး
( 101 POEMS AGAINST WAR စာအုပ်တွင် ပါရှိသည့် James Fenton ရဲ့ Cambodia ကဗျာကို ဘာသာပြန်ဆိုပါတယ်။ သရုပ်ဖေါ် ဓါတ်ပုံကတော့ ကျနော်ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဓါတ်ပုံလေးပါ။ )

No comments:

Post a Comment