November 14, 2011

ဒီကြိုးတန်း ခေါင်းနဲ့ လျှောက်ကြ



ဘယ်သူတွေ
ဘယ်လိုပဲ ပြဌါန်း ပြဌါန်း
ကျနော်ကတော့ ပဌါန်း ဆက်လို့မရတာ ကြာပါပြီ။

မောင်အောင်ပွင့်ရေ
ကျနော် ရထားဖြစ်တယ်
ဗြဟ္မာ့ ခြေရာ ကျနော် မနင်းနိုင်သေးတာ အသာထား
ဒုန်း စိုင်းအောင် ပြေးနိုင်ကြတာ အသာထား
ဒုံး ဝေးသူတော့ အဖြစ် မခံနိုင်ဘူးဗျာ။

ကျနော်တို့
တံဆိပ်ကပ်ရတာ လွယ်သလောက်
တံဆိပ်ခွါရတာ အခက်ဆုံး အချိန်။

မျဉ်းဖြောင့်မှာ တကယ်ပဲ အရောင်ရှိသတဲ့လား
ဒီတခါတော့ ကျနော် လင်းပွင့်လို့ ရသွားပြီ
ဘယ်လိုမှ ထုတ်ကြည့်ဖို့ မလွယ်တဲ့ ရတနာတွေ
ပခြုပ် အပြင်ဘက် ရောက်လာခဲ့တာ
ဘာ ကြာသေးလို့တုန်း။

နှစ်ပေါင်း ၃၀ ဘာလင်တံတိုင်းကြီး ပြိုကျသွားတာ
အမြှောက်နဲ့ခွင်းခဲ့တာ မဟုတ်ပါဘူး
ဗြဟ္မစိုရ် တရားနဲ့ ခွင်းခဲ့တာ ဆိုပဲ။

ကျနော်တို့
အတုနဲ့အစစ် တထပ်ထဲ ကျတဲ့ ခေတ်
လက်ပြ နှုတ်ဆက်ခွင့် ရတော့မလား
ကျနော်
ဒီိလိုခေတ်ကို မျက်မှောက်ပြုရတာ ပျော်တယ်
ကျေနပ်တယ်
ဒီကြိုးတန်း `ခေါင်း ´ နဲ့ လျှောက်ဖို့
နားလည်ခွင့်ကို ရလိုက်လို့။  

ငြိမ်းဝေ
၁၁၊ ၁၁၊ ၁၁
(ရနံ့သစ်၊ နိုဝင်ဘာ၊ ၂၀၁၁ တွင် ပါရှိသော မောင်အောင်ပွင့် ရဲ့ ` ဒုံးဝေးတဲ့ကောင်´ ကဗျာကို ဖတ်ပြီးနောက်…) 
ဒီကဗျာကို မိုးမခမှာ မနေ့က တင်ခဲ့ပါတယ်။



No comments:

Post a Comment